တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

       ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မတ်လ ၂ ရက်တွင် အိန္ဒိယနိုင်ငံ အာယုဗေဒဆိပ်ကမ်းနှင့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး H.E.Shri Sarbanada Sonowal ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် The Radisson Blu Hotel Guwahati ၌ လက်ခံတွေ့ဆုံ၍ တိုင်းရင်းဆေး ပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတွင်-

  • တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်တွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ လာရောက်ပညာသင်ကြားပို့ချနိုင်ရေး။
  • မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပသော တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲများနှင့် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲများတွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များတက်ရောက်၍ အသိပညာဖလှယ်ရေး၊ နှစ်နိုင်ငံ တိုင်းရင်းဆေးပညာရှင်များ လေ့လာရေးခရီး အပြန်အလှန် စေလွှတ်နိုင်ရေးဆွေးနွေးခဲ့။

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းဆေးဝါးများကို သိပ္ပံနည်းကျ သုတေသနပြုလုပ်၍ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးနှင့် တိုင်းရင်းဆေးများ ဖော်စပ်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရန် အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများ တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၃-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အိန္ဒိယနိုင်ငံ အာယုဗေဒဆိပ်ကမ်းနှင့်ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ပြည်ထောင် စုဝန်ကြီးနှင့်အဖွဲ့အား အိန္ဒိယနိုင်ငံ၌ တွေ့ဆုံခဲ့။
  • ဆွေးနွေးပွဲတွင် တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်တွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ လာရောက်ပညာသင်ကြားပို့ချနိုင်ရေး၊  တိုင်းရင်းဆေးဝါးများကို သိပ္ပံ နည်းကျ သုတေသနပြုလုပ်၍ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

 

Add new comment