နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၁၀ လခွဲတာကာလအတွင်း ပြည်ပသို့ သတ္ထုတွင်းထွက်တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၂၀.၆၉၇ သန်းရရှိထားပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၂၇၃.၇၁၃ သန်းရရှိထားသည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉၄.၄၁ သန်း ရရှိထား။
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ခြောက်သိန်းနှင့် ကြက် သွန်နီတန်ချိန် တစ်သိန်း တင်ပို့မည်ဖြစ်။
-
ထိုသို့တင်ပို့ရာတွင် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲစီကို လေးကြိမ်ခွဲကာ တန်ချိန် ခြောက်သိန်း တင်ပို့မည်ဖြစ်။
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ပြည်ပသို့ ပဲတီစိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၉.၂၉၅ သန်းအထိရရှိထား။
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ မတ်လအတွင်း နိုင်ငံတကာကုန်သွယ် ရေကြောင်းမှ ကုန်တင်သင်္ဘော ၅၅ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဇန်နဝါရီလတွင် နိုင်ငံတကာကုန်တင်သင်္ဘော ၅၂ စင်းနှင့် ဖေဖော်ဝါရီလတွင် ၅၁ စင်း ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့ပြီး ကုန်သွယ်မှုများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ကုန်တင်သင်္ဘောဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၂၇ စင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၃-၂၀၂၃)
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၁၀ လခွဲတာကာလအတွင်း ပြည်ပသို့ သတ္ထုတွင်းထွက်တင်ပို့မှု အနေဖြင့် အမေရိကန်ဒေါ်လာ ၂၉၄.၄၁ သန်း ရရှိထား။
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ခြောက်သိန်းနှင့် ကြက် သွန်နီတန်ချိန် တစ်သိန်း တင်ပို့မည်ဖြစ်။
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ပြည်ပသို့ ပဲတီစိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၉.၂၉၅ သန်းအထိရရှိထား။
-
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ မတ်လအတွင်း နိုင်ငံတကာကုန်သွယ် ရေကြောင်းမှ ကုန်တင်သင်္ဘော ၅၅ စင်း ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မည်ဖြစ်။
Add new comment