(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်  နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံးမြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြု သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။

အခမ်းအနားတက်ရောက်လာကြသူများက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည့် ကချင်ရိုးရာမနောပွဲတော်အား ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာများမှ ဖွင့်လှစ်သည့် ပြခန်းများနှင့် အရောင်းပြခန်းများကို လိုက်လံကြည့်ရှုခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုချီး မြှင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုပထမအဆင့်(၈)ဦး၊ ဒုတိယအဆင့်(၁၆)ဦး၊ တတိယအဆင့်(၂၂)ဦး၊ စီးပွားရေးဆိုင်ရာထူးချွန်ဆု ဒုတိယအဆင့်(၅)ဦး၊ တတိယအဆင့်(၁)ဦး၊ လူမှုရေးဆိုင်ရာထူးချွန်ဆု ပထမအဆင့်(၆)ဦး၊ ဒုတိယ အဆင့်(၁၁)ဦး၊ တတိယအဆင့်(၉)ဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ(၁၉၃)ဦး၊ စုစုပေါင်း(၂၇၁)ဦးတို့အား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။

  • (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြား ခဲ့။
  • အခမ်းအနားတက်ရောက်လာကြသူများက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည့် ကချင် ရိုးရာမနောပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာများမှ ဖွင့် လှစ်သည့်ပြခန်းများနှင့် အရောင်းပြခန်းများကို လိုက်လံကြည့်ရှုခဲ့။
  • (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ဆုရရှိသူ စုစုပေါင်း(၂၇၁)ဦးတို့အား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့။

 

Add new comment