လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited၊ Yunnan Machinery and Equipment Import and Export Co., Ltd. တို့အကြား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံ ကိန်းများဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement-MOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မတ်လ ၁ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ Primus Advanced Technologies Limited၊ Asia Ecoenergy Develop-ment Limited နှင့် Yunnan Machinery and Equipment Import and Export Co., Ltd. တို့မှ တာဝန်ရှိ သူများ တက်ရောက်ကြပါသည်။
အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က-
- ယနေ့ လက်မှတ်ရေးထိုးသည့် သဘောတူညီမှုစာချွန်လွှာမှာ လေအားလျှပ်စစ် စီမံကိန်း သုံးခုဖြစ်သည့် အမ်းလေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွ လေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲလေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း။
- စီမံကိန်းဆောင်ရွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရန် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်လည်းလိုကြောင်း။
- စီမံကိန်း သုံးခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းသုံးခုအနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းများစတင်နိုင်ရေးအတွက် ကုမ္ပဏီများအနေဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai က-
- လျှပ်စစ်ကဏ္ဍ၌ ကမ္ဘာ့အကြီးဆုံးဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်လိုအပ်သည့် လေစွမ်း အင်၊ နေစွမ်းအင်၊ ရေအားနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များပေါကြွယ်ဝသည့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက် အထူးအကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံ၏ ပြည်တွင်းလျှပ်စစ်ဓာတ်အားဖူလုံမှုနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်များ ပြည့်မီစေရန် လျှပ်စစ်ကဏ္ဍတွင် ဆောင်ရွက်နေသည့် စီမံကိန်းများ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီများက ဆက်လက်ပူးပေါင်းပါဝင်လျက်ရှိကြောင်း။
- မြန်မာနိုင်ငံ၏ ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းများဖြစ်သည့်အတွက် တရုတ်-မြန်မာလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ ခြေလှမ်းသစ် စတင်ခြင်းလည်းဖြစ်ကြောင်းပြောကြားခဲ့။
ထို့နောက် နှစ်ဖက်တာဝန်ရှိသူများက ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ (Memoran- dum of Agreement-MOA) ကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၃-၂၀၂၃)
- ယနေ့ လက်မှတ်ရေးထိုးသည့် သဘောတူညီမှုစာချွန်လွှာမှာ လေအားလျှပ်စစ်စီမံကိန်း သုံးခုဖြစ်သည့် အမ်းလေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွလေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲလေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ကို အကောင်အထည် ဖော်ဆောင်ရွက်ရန်ဖြစ်။
- စီမံကိန်း သုံးခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားကြရန်။
- မြန်မာနိုင်ငံ၏ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်များ ပြည့်မီစေရန် လျှပ်စစ်ကဏ္ဍတွင် ဆောင်ရွက်နေသည့် စီမံကိန်းများ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီများကဆက်လက်ပူးပေါင်း ပါဝင်လျက်ရှိ။
- မြန်မာနိုင်ငံ၏ ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းများဖြစ်သည့်အတွက် တရုတ်-မြန်မာလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ ခြေလှမ်းသစ် စတင်ခြင်းလည်းဖြစ်။
Add new comment