သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် "Establishment Myanmar National-Level Solar PV Application Promotion and Training Center to Accelerate the capacity building of Development of Solar Energy in Myanmar" စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော “Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ” အခမ်းအနားကို မတ်လ ၁ ရက်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက-
- ၂၀၂၂ ခုနှစ်တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းသုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရခဲ့ကြောင်း။
- စီမံကိန်းများမှတစ်ခုဖြစ်သော “မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံအမျိုး သားအဆင့် ဆိုလာ Photo -voltaic အသုံးချမှု တိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာတည်ထောင်ခြင်း” စီမံကိန်းကို ယနေ့စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း။
- အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံရှိ နေရောင်ခြည်စွမ်းအင်သုံး Photovoltaic အသုံးချမှုသမိုင်းတွင် အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်စေမည်ဖြစ်ကြောင်း။
- ၎င်းစီမံကိန်းသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ သက်ဆိုင်ရာနိုင်ငံများအား နိုင်ငံတကာစွမ်းရည်ဖလှယ်မှုနှင့် သင်ယူမှုများကို ပံ့ပိုးပေးရန်အတွက် ထိရောက်သောပလက်ဖောင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့။
ထို့နောက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Inner Mongolia University of Technology မှ Professors များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာပညာရှင်များက Solar Photovoltaic ဆိုင်ရာနည်းပညာရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၃-၂၀၂၃)
- မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ (2022) Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှော ဖလှယ်ပွဲ အခမ်းအနားကို မတ်လ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
- အဆိုပါအခမ်းအနားတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Inner Mongolia University of Technology မှ Professors များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များက Solar Photovoltaic ဆိုင်ရာနည်းပညာရပ်များကို ဆွေးနွေးခဲ့။
Add new comment