နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က တောင်သူလယ်သမားနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က မတ်လ ၂ ရက်တွင်            ကျရောက်သည့် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့ခဲ့သည့်သဝဏ်လွှာပါ ကောက်နုတ်ချက်မှာ-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဦးတည်ချက် (၁၂)ရပ် ချမှတ်ဆောင်ရွက်ခဲ့။ 
  • မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးနှင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် ဆန်စပါး တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသော အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်၏ ဦးစားပေးပို့ကုန်အမယ်များတွင်  ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ရပ်ဖြစ်။
  • ဆန်စပါးတင်ပို့မှုမြှင့်တင်ရေး မဟာဗျူဟာမျှော်မှန်းချက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးတက်လာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးနှင့် တင်ပို့ရေးပင်ဖြစ်။
  • ၂၀၂၂-၂၀၂၃ ခုနှစ်၌ သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း မိုးစပါးဧက (၁၀၀) စံပြကွက်များ စိုက်ပျိုးခြင်းစီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် (၁၂) ခုရှိ မြို့နယ် (၁၅) မြို့နယ်တွင် (၁,၅၀၀)ဧက လျာထားဆောင်ရွက်ခဲ့ရာ (၁,၆၀၀) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှ (၁၁၅.၇၆) တင်းထွက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့။
  • ပြည်တွင်းဆီစားသုံးမှုဖူလုံစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နေရာဒေသမရွေး စိုက်ပျိုးနိုင်သည့် နေကြာသီးနှံစိုက်ဧက (၁.၅) သန်းအထိ တိုးချဲ့စိုက်ပျိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • နေကြာစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ကုန်ကျမှုကို အထောက်အပံ့ဖြစ်စေရေးအတွက် နိုင်ငံတော်က ခွင့်ပြုငွေကျပ် ၁၀၀.၂၄၈ ဘီလီယံဖြင့် နေကြာစိုက်ပျိုးရာသီများတွင် နေကြာမျိုးစေ့နှင့် သွင်းအားစုများ အချိန်မီပံ့ပိုးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်။
  • တောင်သူလယ်သမားများ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများရရှိရေးအတွက် မျိုးစေ့ထုတ်အသင်းအဖွဲ့များ (Seed Grower Association-SGA)၊ မျိုးစေ့ထုတ် သမဝါယမအသင်းများ (Seed Grower Cooperation-SGC)၊ မျိုးစေ့ထုတ်လယ် သမားအသင်းများ (Farmer Group Association)၊ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိ။
  • ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ရေထွက်ကုန်ပစ္စည်း (၃၀) မျိုးခန့်၊ မက်ထရစ်တန်ချိန် (၄၇,၈၁၂.၈၄၅) တန်ကို ပြည်ပသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၀.၂၈၅ သန်း ရရှိခဲ့။
  • ရေထွက်ကုန်ပစ္စည်းများအား နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပို့လျက်ရှိရာ ရေထွက်ကုန်ပစ္စည်းများ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ တင်ပို့နိုင်ရေးကို စစ်ဆေးဆောင်ရွက်လျက်ရှိ။

     မြန်မာနိုင်ငံသည် သဘာဝမြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်၀ပြီး စိုက်ပျိုးမွေးမြူရေးအတွက် ပြောင်းလဲဖြစ်ပေါ်လာသော ရာသီဥတုအခြေအနေအပေါ်မူတည်၍ လိုက်လျောညီထွေသော နည်းပညာများနှင့် ပေါင်းစပ်စိုက်ပျိုးမှုများ ပြုလုပ်ကာ၊ တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့်၊ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားရေးအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။    

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၃-၂၀၂၃)

 

  • မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးနှင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် ဆန်စပါး တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • ဆန်စပါးတင်ပို့မှုမြှင့်တင်ရေး မဟာဗျူဟာမျှော်မှန်းချက်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးတက်လာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးနှင့် တင်ပို့ရေးပင်ဖြစ်။
  • ပြည်တွင်းဆီစားသုံးမှုဖူလုံစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နေရာဒေသမရွေး စိုက်ပျိုးနိုင်သည့် နေကြာသီးနှံစိုက်ဧက (၁.၅) သန်းအထိ တိုးချဲ့စိုက်ပျိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • နေကြာစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ကုန်ကျမှုကို အထောက်အပံ့ဖြစ်စေရေးအတွက် နိုင်ငံတော်က ခွင့်ပြုငွေကျပ် ၁၀၀.၂၄၈ ဘီလီယံဖြင့် နေကြာစိုက်ပျိုးရာသီများတွင် နေကြာမျိုးစေ့နှင့် သွင်းအားစုများ အချိန်မီပံ့ပိုးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်။

 

 

Add new comment