အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံများ၏လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များအားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဆက်လက်ဖော်ထုတ်အရေးယူ

   အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါမလုပ်ဆောင်ရန်တားမြစ်ထားသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ-

  • ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ နေပြည်တော်ကောင်စီနယ်မြေ၌ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၄ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၅ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁ ဦးနှင့် မွန်ပြည် နယ်၌ ၁ ဦး စုစုပေါင်း ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်ထိ စုစုပေါင်း ၁,၂၃၇ ဦးအား ဥပဒေနှင့်အညီ အရေးယူထားပါသည်၊၊

         ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။                                                                 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၃-၂၀၂၃)

 

  • ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ နေပြည်တော်ကောင်စီနယ်မြေ၌ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၄ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၅ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁ ဦးနှင့် မွန်ပြည် နယ်၌ ၁ ဦး စုစု ပေါင်း ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်ထိ စုစု ပေါင်း ၁,၂၃၇ ဦးအား ဥပဒေနှင့်အညီအရေးယူထားရှိ။

Add new comment