နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

   (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

  • (၂၀၂၂ -၂၀၂၃) ပညာသင်နှစ်တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်ဇုန်အသင်းက စုစုပေါင်း ခုနစ်ဂိုး - ခြောက်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့။
  • ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆု၊ အကောင်းဆုံးရှေ့တန်း အားကစားသမားဆု ဂိုးသွင်းအများဆုံး အားကစား သမားဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသူများကို တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့။
  • တတိယဆုရရှိသော မော်လမြိုင်ဇုန်အသင်း၊ ဒုတိယဆုရရှိသော ပုသိမ်ဇုန်အသင်း၊ ပထမဆုရရှိသည့် ရန်ကုန်ဇုန်အသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြှင့်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပထမဆုရရှိသည့် ရန်ကုန်ဇုန်အသင်းကို ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့။

      ယခုကျင်းပခဲ့သည့် ဘောလုံးပြိုင်ပွဲသည် အဆင့်မြင့်ပညာဦးစီးဌာနရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို အောက်မြန်မာပြည်ဇုန်လေးခုနှင့် အထက်မြန်မာပြည်ဇုန်လေးခုသတ်မှတ်၍ လူရွေးပွဲများကို သက်ဆိုင်ရာဇုန်အလိုက် ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၃-၂၀၂၃)

 

  • (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်ဇုန်အသင်းက စုစုပေါင်း ခုနစ်ဂိုး - ခြောက်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပထမဆုရရှိသည့် ရန်ကုန်ဇုန်အသင်းကို ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့။

 

Add new comment