ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉,၂၇၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ယခင်နှစ်က ၄၇ ဒသမ ၂၅ ရာခိုင်နှုန်း အောင်မြင်ခဲ့

        ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများ အများဆုံး ဖွင့်လှစ်သင်ကြားလျက်ရှိရာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉,၂၇၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းကို ကြည့်မည်ဆိုလျှင် ယခင်နှစ်က ၄၇ ဒသမ ၂၅ ရာခိုင်နှုန်း အောင်မြင် ခဲ့ကြောင်းတွေ့ရှိရပါသည်။

      တက္ကသိုလ်မှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးမှုများတွင် ကြီးကြပ်ပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် KG+9 ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာတစ်နိုင်ငံလုံးတွင် ခရိုင်  ၅၀ ၌ စက်မှု၊  စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၂-၂၀၂၃)

 

  • ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉,၂၇၇ ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ယခင်နှစ်က ၄၇ ဒသမ ၂၅ ရာခိုင်နှုန်း အောင်မြင်ခဲ့။

Add new comment