ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော် သီချင်းတို့ဖြင့် စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း၊ ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ် မှတ်တမ်း Video ကိုပြသခဲ့ပြီး သံအမတ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် စစ်သံမှူးတို့သည် ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်း အမှတ်ကိတ်အားလှီးဖြတ်ကာ အခမ်းအနားတက်ရောက်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း၊ သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးတို့က အခမ်းအနားတက်ရောက်လာသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၂-၂၀၂၃)
-
ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့။
Add new comment