နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့ရာတွင်-

  • နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေမှန်များကို အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိနေရမည် ဖြစ်ကြောင်း။
  • နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။
  • နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်အရေးကိစ္စအားလုံး၌ လူပါဝင်ဆောင်ရွက်ရပြီး လူ၏ဦးဆောင်မှု၊ လူ၏လိုက်နာဆောင်ရွက်မှု၊ လူ၏ပြုပြင်ဖန်တီးမှုတို့သည် အဓိကကျသောကြောင့် လူတစ်ဦးချင်း အရည်အသွေး၊ အရည်အချင်းမြင့်မားနေစေရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
  • စစ်အတတ်ပညာများကို စစ်စည်းကမ်းကောင်းမွန်စေရန်နှင့် အမိန့်နာခံတတ်မှုရှိစေရန် သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သဖြင့် စစ်သည်တစ်ဦးချင်း စစ်စည်းကမ်းလိုက်နာပြီး မိမိအရည်အသွေးကို အမြဲထက်မြက်နေစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • မိမိတို့တစ်ဦးချင်း၏ ကိုယ်စီတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ကျန်းမာကြံ့ခိုင်မှုရှိရန်နှင့် လေ့ကျင့်မှုများကို ပုံမှန်ဆောင်ရွက်နေရန် လိုအပ်မည်ဖြစ်ကြောင်း။
  • ကျန်းမာကြံ့ခိုင်မှုရှိရန်အတွက် မိမိကိုယ်ကို ထိန်းထိမ်းသိမ်းသိမ်းနေပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် သွားလာနေထိုင်စားသောက်မှုရှိရမည်ဖြစ်ကြောင်း။
  • လူတို့တွင် တစ်ဦးချင်း၏ အရည်အသွေးတိုးတက်ရန်မှာ မိမိကိုယ်တိုင်နှင့်ပင် တိုက်ရိုက်သက်ဆိုင်သည်ဖြစ်သဖြင့် မိမိကိုယ်ကိုထိန်းသိမ်းနေထိုင်နိုင်ရန်လို ကြောင်း။
  • တပ်မတော်သားအများစုသည် အများနှင့်နေထိုင်သွားလာရသည်ဖြစ်သဖြင့် မိမိ၏အထက်အရာရှိများ၊ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများထံမှ ကောင်းမွန်သည့်အချက်များ၊ အတွေ့အကြုံများကို လေ့လာသင်ယူ၍ မိမိဘဝတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးချရမည်ဖြစ်ကြောင်း။
  • ဦးစီးခေါင်းဆောင်သည့်သူများအနေဖြင့်လည်း မိမိတို့ဦးဆောင်ရသည့်တပ်ဖွဲ့ကို ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်ရန်လိုပြီး တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်ဖြင့် အုပ်ချုပ်ရန်လိုကြောင်း။
  • တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ခဲ့သဖြင့် အခက်အခဲများ ဖြစ်ပေါ်ချိန်တွင် အောင်မြင်စွာကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
  • တပ်မတော်သားများ၏ တစ်ဦးချင်းစွမ်းရည်တိုးတက်ပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနှင့် စွမ်းပကားမြင့်မားအောင် ဆောင်ရွက်နိုင်မည်ဆိုပါက တပ်မတော်အင်အားရှိမည်ဖြစ်ကြောင်း၊
  • တစ်ဦးချင်းစွမ်းရည်များကိုအသုံးချ၍ တပ်မတော်တစ်ရပ်လုံးစွမ်းရည်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၂-၂၀၂၃)

 

  • နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်။
  • နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်အရေးကိစ္စအားလုံး၌ လူပါဝင်ဆောင်ရွက်ရပြီး လူ၏ဦးဆောင်မှု၊ လူ၏လိုက်နာဆောင်ရွက်မှု၊ လူ၏ပြုပြင်ဖန်တီးမှုတို့သည် အဓိကကျသောကြောင့် လူတစ်ဦးချင်း အရည်အသွေး၊ အရည်အချင်းမြင့်မားနေစေရေး ဆောင်ရွက်ရ မည်ဖြစ်။
  • တပ်မတော်သားအများစုသည် အများနှင့်နေထိုင်သွားလာရသည်ဖြစ်သဖြင့် မိမိ၏အထက်အရာရှိများ၊ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများထံမှ ကောင်းမွန်သည့်အချက်များ၊ အတွေ့အကြုံများကို လေ့လာသင်ယူ၍ မိမိဘဝတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးချရမည်ဖြစ်။
  • တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ခဲ့သဖြင့် အခက်အခဲများ ဖြစ်ပေါ်ချိန်တွင် အောင်မြင်စွာကျော်လွှားနိုင်ခဲ့ခြင်းဖြစ်။

Add new comment

Switch to plain text editor