နစကအစိုးရ၏ ၂ နှစ်တာကာလ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်ချက်များ

        ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကုန်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၄၀၀ လောက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရဒေသမှာ ဘိန်းစိုက်ပျိုးတဲ့ တောင်သူ ၇၀၃ ဦးနဲ့၊ ဘိန်းစိုက်ပျိုးဧက ၄၀၀ ကျော်ကို ဖျက်စီးခဲ့တယ်ဆိုတဲ့ သတင်းကို အွန်လိုင်းသတင်း မီဒီယာတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဒီလိုဖမ်းဆီးတဲ့နေရာမှာ ဒေသတွင်း ဘိန်းစိုက်ပျိုးခွင့်ပြုထားတဲ့ တောင်ပေါ်ရွာသူကြီး ၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါက အိန္ဒိယနိုင်ငံ၊ မဏိပူရအစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှုကို မတားဆီးဘဲ ဆက်စပ်လုပ်ကိုင်နေတဲ့ အာဏာပိုင်တွေကိုပါ ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ သတင်းစကားကို ပေးလိုက်တာလို့လည်း သဘောပေါက်မိပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီးပြောထားတာက တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှု နဲ့ ရောင်းဝယ်ဖောက်ကားမှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ သုံးနိုင်ငံနယ်စပ်က “ရွှေတြိဂံ” ဒေသက တရားမဝင်မူးယစ်ဆေးဝါးတွေကလည်း အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသကို ဝင်ရောက်နေတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ မိမိတို့နိုင်ငံအတွင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်မူးယစ်ဆေးဝါးတွေ မရောက်ရှိအောင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို အစိုးရအဆက်ဆက် စီမံကိန်းတွေချမှတ်ပြီး အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းမှုသမိုင်းကြောင်း

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ ချင်းဝိသေသတိုင်းအက်ဥပဒေနဲ့ ဒီဒေသမှာရှိတဲ့ ဘိန်းနဲ့ ဆေးခြောက်စိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲရောင်းချမှုတွေကို တားမြစ်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာလည်း ဘိန်းခင်းနှိမ်နင်းရေးအက်ဥပဒေကို ပြဋ္ဌာန်းပြီး ဘိန်းစိုက်ပျိုးမှု နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့်တင်ခဲ့ပါတယ်။  ၁၉၄၆ ကနေ ၁၉၆၀ ကျော် ကာလတွေအထိ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဝင်ရောက်လာခဲ့တဲ့ တရုတ်ဖြူကူမင်တန်တပ်တွေကြောင့် ပိုမိုဆိုးရွားလာတဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကိုလည်း စစ်ဆင်ရေးမျိုးစုံနဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ရပါတယ်။

တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူတို့ ပူးပေါင်းလက်တွဲမှုနဲ့ ၁၉၇၅ ခုနှစ် စက်တင်ဘာလမှ ၁၉၈၈ ခုနှစ် ဧပြီလအထိ မိုးဟိန်းစစ်ဆင်ရေး၊ ငရဲပန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်းစစ်ဆင်ရေး၊ တောင်ထိပ်ပန်းစစ်ဆင်ရေးနှင့် အောင်မိုးဟိန်းစစ်ဆင်ရေးတွေနဲ့ ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက် နေ့အထိဆောင်ရွက်ခဲ့တဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေး ၂၈ ခု ဆောင်ရွက်ခဲ့ပြီး ထူးခြားတဲ့ စစ်ဆင်ရေးတစ်ခုကတော့ MoU ခြောက်နိုင်ငံ တစ်ပြိုင်တည်း တစ်ချိန်တည်း ဆောင်ရွက်ခဲ့တဲ့ “Operation 1511” စစ်ဆင်ရေးပဲဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကတော့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အချိန်တိုအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ သန်း ကျော်၊ အိုက်စ် ၅၀၁ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေ ကျပ် ၄၁၄ ဘီလီယံကျော်ဖိုး စံချိန်တင်ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအဖြစ် ဂုဏ်ယူစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။

နစကအစိုးရလက်ထက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာလည်း နစကဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွေကို ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၃ နေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဘိန်းကီလို ၃,၈၇၀ ကျော်၊ ဘိန်းဖြူ ၂,၅၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ်ကီလို ၁၄,၀၈၀ ကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊  ကတ်တမင်း ၂၈၉ ကီလို ကျော်၊ ကဖင်း ၁၂ တန်ခွဲကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် ၁,၀၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်)နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းအမျိုးပေါင်း ၆၀ တို့ကို ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်မှာလည်း မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းဘိန်း ၂,၆၅၄ ဒသမ ၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁,၉၄၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃,၆၅၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁,၂၀၅ ကီလိုကျော်၊ ဆေးခြောက် ၇၀၉ ကီလိုကျော်၊ ကက်တမင်း ၂,၀၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၉ မျိုး စုစု ပေါင်းတန်ဖိုးငွေကျပ် ၁,၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်)တို့ကို ဖျက်ဆီးနိုင်ခဲ့ တာကို တွေ့ရပါတယ်။

နစကအစိုးရလက်ထက်မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်စီးခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ အခြားဆက်စပ်ပစ္စည်းတွေအပြင် နှစ်အလိုက်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို အတိအကျ စာရင်းဇယားနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ထိုစာရင်းဇယားများကို လေ့လာသုံးသပ်ရာတွင်၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနဲ့ အခြားဆက်စပ်ပစ္စည်းများရဲ့တန်ဖိုးက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်ဇန်နဝါရီလထက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ပိုမိုဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် နစကအစိုးရရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်ချက်တွေဟာ တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိ ရပါတယ်။

စဉ်

အမျိုးအမည်

ရေတွက်ပုံ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ

၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊  ဇန်နဝါရီလအထိ

စုစုပေါင်း

ဘိန်း

ကီလို

၂၅၀၈.၆၄၅၅၂

၁၁၇၂.၈၂၈၉၁

၃၆၈၁.၄၇၄၄၃

ဘိန်းဖြူ

ကီလို

၂၅၄၄.၁၀၈၃၄၅

၁၁၅၄.၄၃၅၄၆၇

၃၆၉၈.၅၄၃၈၁၂

စိတ်ကြွရူးသွပ် ဆေးပြား

ပြား

၁၈၇၆၈၄၀၇၀.၅

၁၇၃၉၈၃၁၄၅

၃၆၁၆၆၇၂၁၅.၅

အိုက်စ်

ကီလို

၁၆၅၅၇.၉၁၃၇၃

၂၀၄၈၂.၂၄၉၃၃

၃၇၀၄၀.၁၆၃၀၆

ဆေးခြောက်

ကီလို

၃၉၅.၄၈၀၅၈၃၁

၉၆၈.၁၄၁၄၁၅

၁၃၆၃.၆၂၁၉၉၈

ဘိန်းစာရွက်

ကီလို

၃၁၂၅.၆၁၁၀၂

၁၅၉၂.၀၃၈၁၇

၄၇၁၇.၆၄၉၁၉

ဘိန်းစာမှုန့်

ကီလို

၁၀၉၆.၉၁၉၆၈၁

၇၁၃.၄၄၈၁၈

၁၈၁၀.၃၆၇၈၆၁

စုစုပေါင်းတန်ဖိုး

ကျပ်

၉၈၆၄၇၁.၆၈၁ သန်း

၁၀၄၃၂၃၁.၆၅၆ သန်း

၂၀၂၉၇၀၃.၃၃၇ သန်း

အမေရိကန်ဒေါ်လာ

၄၆၉.၇၄၈  သန်း

၄၉၆.၇၇၇ သန်း

၉၆၆.၅၂၅ သန်း

ရှင်းလင်းချက်။   အမေရိကန် ၁ ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ထားပြီး ဖမ်းဆီးရမိသော အခြားမူးယစ်ဆေးဝါး အမျိုးအစားများနှင့် ဆက်စပ်ပစ္စည်းများ၏ တန်ဖိုးကိုပါ ထည့်သွင်းတွက်ချက်ထားပါသည်။

 

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု

မူးယစ်ဆေးဝါးပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ခေတ်အဆက်ဆက်သော နိုင်ငံတော်အစိုးရများက ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ မူးယစ်ဆေးဝါးဆိုင်ရာကွန်ဗင်းရှင်း(၃)ခုကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေများပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနဲ့ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ မူးယစ်ဗဟိုအဖွဲ့ကိုလည်း အဖွဲ့ဝင်(၁၆)ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး တာဝန်ပေးအပ်ထားပါတယ်။ မူးယစ်ဗဟိုအဖွဲ့အနေနဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးညီလာခံ UNGASS အစည်း အဝေးရဲ့လုပ်ငန်း အကြံပြုချက်များကို အခြေခံတဲ့ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်တစ်ရပ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းတွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာဆီယံမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး (AMMD) မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASOD) အာဆီယံလေကြောင်းကြားဖြတ်စစ်ဆေးရေးတပ်ဖွဲ့အစည်းအဝေး (AAITF) အာဆီယံပင်လယ်ဆိပ်ကမ်းတားဆီးနှိမ်နင်းရေးတပ်ဖွဲ့အစည်းအဝေး (ASITF)နဲ့ အာဆီယံမူးယစ်ဆေးဝါးစောင့်ကြည့်စစ်ဆေးရေး ကွန်ရက်အစည်းအဝေး (ADMN)တို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

အာဆီယံအဖွဲ့မှ ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံသောလူမှုအဖွဲ့ဖြစ်စေရေး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအာဆီယံလုပ်ငန်းစီမံချက် ၂၀၁၆-၂၀၂၅ (ASEAN Work Plan 2016-2025)၊ ရွှေတြိဂံဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု များအား တိုက်ဖျက်ရေးအာဆီယံပူးပေါင်းဆောင်ရွက်ရေးစီမံချက်(၂၀၁၇-၂၀၁၉) (ASEAN Cooperation Plan 2017-2019) တွေအပြင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဘင်းမ်စတက်ဒေသအတွင်း အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးဆိုင်ရာပထမအကြိမ်အစည်းအဝေးမှ လုပ်ငန်းခွဲဝေမှုတွေအရ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်းများ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးလုပ်ငန်းခွဲအုပ်စုကို တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ Sub-Group ၏ ဦးဆောင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဘင်းမ်စတက်ကိုယ်စား BIMSTEC Annual Drug Report ကိုလည်း ထုတ်ဝေဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်မြို့ အခြေစိုက်ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)၊ အမေရိကန်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံအမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့နှင့် နည်းပညာ၊ ပစ္စည်းကိရိယာအကူအညီများရယူခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာသတင်းဖလှယ်ခြင်းတို့ကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

 

ထူးခြားဖြစ်စဉ်များ

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ၊ ဖြန့်ဖြူးရောင်းချမှုတွေရဲ့ ရာနှုန်းပြည့်နီးပါးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ ဆက်စပ်နေပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးအကူးအပြောင်းကာလနောက်ပိုင်းမှာလည်း အကြမ်းဖက် သမား NUG/PDF တွေနဲ့ မူးယစ်ဆေးဝါးကလည်း ဆက်စပ်လာပြန်ပါတယ်။ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမား ရာနှုန်းပြည့်နီးပါးက မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို တနည်းနည်းနဲ့ သုံးစွဲထားကြောင်းလည်း သိရှိရပါတယ်။

နစကအစိုးရအနေနဲ့ နယ်စပ်ဒေသတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ရှိတဲ့ဒေသတွေကနေတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေအပြင် အခြားစိတ်ကိုပြောင်းလဲစေတဲ့ အက်ဖီတမင်း၊ အိုက်စ်၊ ကတ်တမင်း၊ Happy Water၊ Phensedyl၊ Erimin-5 ဆေးပြား၊ ဇိုလမ်ဆေးပြား၊ ဆူဒိုအက်ဖီဒရင်းဆေးပြား၊ အက်တက်စီဆေးပြားများပြုလုပ်နေတဲ့ အခြေခံဓာတုပစ္စည်းများနဲ့ အက်ဆစ်ပြင်းများအပါအဝင် အခြားဆက်စပ်ပစ္စည်းများကိုလည်း မိမိနိုင်ငံအတွင်းက ရရှိတဲ့သတင်းတွေအပြင် အိမ်နီးချင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရရှိတဲ့သတင်းတွေနဲ့ဆက်စပ်ပြီး  ဖမ်းဆီးအရေးယူလျက်ရှိပါတယ်။ ထူးခြားဖြစ်စဉ်များအနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေထဲက တစ်ချို့ကို တင်ပြပေးလိုက်ပါတယ်။

--၂၀၂၂ ရက်နေ့မှာ လွိုင်လင်မြို့အထွက် ဟိုတင့်ကျေးရွာထိပ်မှာ တောင်ကြီးဘက်သို့မောင်းနှင်မယ့် ISUZU ၁၂ ဘီးယာဉ်၏ ကြမ်းခင်းအံဝှက်အတွင်းမှ အိုက်စ် ၆၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖော်ထုတ်ချက်အရ လွိုင်လင်-တောင်ကြီးသွားကားလမ်း ချိုခမ်းနှင့် မိုင်းပွန်ကြားက ISUZU ၁၂ ဘီးယာဉ်ရဲ့ ကြမ်းခင်းအံဝှက်အတွင်းမှ အိုက်စ် ၆၀၃ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ (ပုံ-၁)

--၂၀၂၂ ရက်နေ့မှာတော့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း(ပဲပဒုံ)ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ရန်ကုန်မှ မြောက်ဦးသို့ မောင်းနှင်လာတဲ့ NISSAN DIESEL ဘီးယာဉ်ပေါ်က စိတ်ကြွဆေးပြား ၁၅ သန်း သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ရွှေပြည်သာမြို့နယ်၊ ဝင်းသာဓုကန်အိမ်ရာဝင်းအတွင်းမှ စိတ်ကြွဆေးပြား ၁၀ သန်းကို ထပ်မံသိမ်းဆည်းရမိတဲ့အတွက် စိတ်ကြွဆေးပြားပေါင်း ၂၅ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။ (ပုံ-၂) က/ခ

၂၄--၂၀၂၂ ရက်နေ့မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီး တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အမှတ်(ဝကခ-၂၆၅)ရှိ ဖေသက်ဟန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ဖေသက်ဟန်ပါ ၁၀ ဦးအား M-16 သေနတ် လက်၊ ၎င်းကျည်အိမ်  ခု၊ ခြောက်လုံးပြူး လက်၊ ပစ္စတို လက်၊ ၎င်းကျည်အိမ် ခု၊  ဂတ်စ်သေနတ် လက်၊ ၎င်းကျည်အိမ် ခု၊ လေသေနတ် လက်၊ မမကျည် ၁၉ တောင့်၊ .၅၆ ကျည်  တောင့်၊ ကိုးလုံးကျည် တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖေသက်ဟန်ပိုင်ဆိုင်သည့် အိမ်အမှတ်(ဝကခ-၂၄၉)နေအိမ်မှ စိတ်ကြွဆေးပြား ၁၂.၅၅ သန်း၊ ကတ်တမင်း . ကီလို၊  အက်တက်စီဆေးပြား ၁၅၉ ပြား၊ မူးယစ်ဆေးဝါးထုပ်ပိုးရာတွင် အသုံးပြုတဲ့စက် လုံးနဲ့ စတီးမွှေစက် လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ (ပုံ-၃)

၁၇-၆-၂၀၂၂ ရက်နေ့မှာ လားရှိုးမြို့နယ်၊ သတ္တုသန့်စင်စက်ရုံအနီး၊ လားရှိုး- တန့်ယန်းသွားကားလမ်းတွင် တန့်ယန်းဘက်မှ လားရှိုးဘက်ကို မောင်းနှင်လာတဲ့ CANTER အမျိုးအစား ၆ ဘီးယာဉ်ပေါ်မှ ဘိန်းဖြူ ၈၈ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။ (ပုံ-၄)

 ၂၀--၂၀၂၂ ရက်နေ့ ရန်ကုန်ဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာတဲ့ ၁၂ ဘီး ဆီဘောက်ဆာယာဉ်၏ ဆီသိုလှောင်ကန်အလယ်အကန့်တွင် အံဝှက်ပြုလုပ်၍  သယ်ဆောင်လာသည့် အိုက်စ် ၁၇၀၀ ကီလို၊ ကတ်တမင်း ၃၀၀ ကီလို၊  ဆေးပြားရိုက်မို ၄၁ ချောင်းနှင့် အောက်ခံခွက် ၁၉ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ (ပုံ-၅)

၂၅--၂၀၂၂ ရက်နေ့မှာ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မန့်ဝိန်းနယ်မြေ၊ မန့်ဝိန်း()လမ်း၊ အမှတ်(မ၀/၅၃၅) ခြံဝင်းအတွင်းရှိ ဂိုဒေါင်အခန်းအမှတ်()အတွင်းမှ TheophyllineAnhydrous အမှုန့် ၁၄,၅၀၀ ကီလိုအားလည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ ()ရပ်ကွက်၊ ၁၃၈ လမ်းနဲ့ ၁၃၉ လမ်း ကြား၊ ၅၁ လမ်း၊ အမှတ်(H-247/1)ရှိ ရွှေခြင်္သေ့ကုမ္ပဏီ၏ ဂိုဒေါင်အတွင်းမှ Ammonium Nitrate ၃,၀၀၀ ကီလိုနဲ့ Copper Sulfate ၂,၀၀၀ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။ (ပုံ-၆) က/ခ

-၁၀-၂၀၂၂ ရက်နေ့ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၊ ဆင်စားကုန်းကျေးရွာထိပ်တွင် မိုးကုတ်မှ ပြင်ဦးလွင်ဘက်သို့ မောင်းနှင်လာတဲ့ DONGFENG ()ဘီးယာဉ်ပေါ်က အိုက်စ် ၁,၅၀၀ ကီလိုနှင့် ကက်တမင်း ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။ (ပုံ-၇)

၂၂-၁၁-၂၀၂၂ ရက်နေ့ မြဝတီမှ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးပူးပေါင်းစစ်ဆေးရေးဂိတ်မှာ သာမညကျေးရွာဘက်မှ မြဝတီမြို့ဘက်ကို မောင်းနှင်လာတဲ့ LIFAN အမျိုးအစား ဘီးယာဉ်ပေါ်မှ အိုက်စ် ၂,၀၀၀ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။ (ပုံ-၈)

ဒီလိုဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေနဲ့ စာရင်းဇယားအချက်အလက်တွေကို လေ့လာကြည့်ရင် နစကအစိုးရလက်ထက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါတယ်။ နစကဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုနဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် အခြားသောတားဆီးနှိမ်နင်းရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ပါ ပူးပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ စွမ်းဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှုသမိုင်းမှာ ကမ္ဗည်းတင်ကျန်ရစ်ခဲ့မှာ ဖြစ်တဲ့အကြောင်း မှတ်တမ်းပြုရေးသားလိုက်ရပါတယ်။        

 

အောင်ရှင်း

မှတ်ချက်။  https://infosheet.org.mm/mm/node/4199 တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် လအလိုက်စာရင်းအသေးစိတ်ကို ဖတ်ရှုနိုင်ပါသည်။

Add new comment