မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအစည်းအဝေးကျင်းပ

        မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မြန်မာ-ရုရှားဆေးဝါးကောင်စီထူထောင်ရေးကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

ဆွေးနွေးရာတွင်-

  • ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ပတ်သက်သည့် ဆေးဝါးများနှင့်စစ်ဆေးသည့်စနစ်များ၊ မြန်မာနိုင်ငံသို့ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်မည့်ကိစ္စများ။
  • ဆေးဝါးများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိရေးကိစ္စ၊ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် တင်သွင်းနိုင်မည့်ကိစ္စနှင့် ဆေးဝါးထုတ်လုပ်ရေးနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ လွှဲပြောင်းမှုဆောင်ရွက်နိုင်မည့် ကိစ္စများ။
  • မြန်မာ-ရုရှားနှစ်နိုင်ငံမှဆေးဝါးထုတ်လုပ်သူများ၊ ဖြန့်ဖြူးသူများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဏာပိုင်အဖွဲ့အစည်းများအကြား ဆွေးနွေးမှုမူဘောင်မှတစ်ဆင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာဆေးဝါးကောင်စီထူထောင်နိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီဇင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံအခြေစိုက် “Chemrar”  High-Tech Center ကုမ္ပဏီမှ Mr. Denis Yinokurov, International BD and Communication Director နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၂-၂၀၂၃)

 

  • ဆွေးနွေးပွဲတွင် မြန်မာ-ရုရှား နှစ်နိုင်ငံမှ ဆေးဝါးထုတ်လုပ်သူများ၊ ဖြန့်ဖြူးသူများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဏာပိုင်အဖွဲ့အစည်းများအကြား ဆွေးနွေးမှုမူဘောင်မှတစ်ဆင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာဆေးဝါးကောင်စီထူထောင်နိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

Add new comment