မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄,၅၀၀ ကျော် ရရှိခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၁၀ လခွဲကာလအတွင်း-
-
ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၃,၀၈၆.၉၂၃ သန်းနှင့် သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၁,၅၁၂.၅၅၆ သန်း စုစုပေါင်းအမေရိကန် ဒေါ်လာ ၄,၅၉၉.၄၇၉ သန်းရရှိခဲ့။
-
ပြီးခဲ့သည့်ကာလတူက မြန်မာ-ထိုင်းကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၄,၂၈၉.၈၂၇ သန်း ရရှိထားသည့်အတွက် ယခုကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၀၉.၆၅၂ သန်း ပိုမိုရရှိခဲ့။
မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်လျက်ရှိပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ CMP၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၂-၂၀၂၃)
-
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၁၀ လခွဲကာလအတွင်း အမေရိကန် ဒေါ်လာ ၄,၅၉၉.၄၇၉ သန်းရရှိခဲ့။
-
ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၃၀၉.၆၅၂ သန်း ပိုမိုရရှိခဲ့။
Add new comment