ယာယီနေရပ်စွန့်ခွာသူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာထောက်ပံ့၊ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

          ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ မှ ယာယီနေရပ်စွန့်ခွာသူများအား   ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာ၊ အဝတ်အထည်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေနှင့် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်သည့်   အခမ်းအနားများကို    ဖေဖော်ဝါရီလ ၂၄ ရက်တွင်  ပြုလုပ်ခဲ့ပါသည်။

  • လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲတွင်    လှိုင်းဘွဲ့မြို့နယ်ရှိ အသက် ၈၅ နှစ်နှင့် အထက် အဘိုး ၄၁၆ ဦး၊ အဘွား ၆၃၆ ဦး စုစုပေါင်း ၁,၀၅၂ ဦးအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေကျပ် ၃၁,၅၆၀,၀၀၀ နှင့် မြိုင်ကြီးငူအထူးဒေသအတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် အဘိုး ၁၆ ဦး၊ အဘွား ၃၄ ဦး စုစုပေါင်း ၅၀ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၁,၅၀၀,၀၀၀ ပေးအပ်ခဲ့။
  • ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ပေးအပ်ပွဲတွင် ဖာပွန်မြို့နယ်မှ ယာယီ နေရပ်စွန့်ခွာသူအိမ်ထောင်စု ၇၅၀ စု၊ လူဦးရေ ၃,၂၃၃ ဦး၊ မြိုင်ကြီးငူအထူး ဒေသရှိ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေ ၂,၀၈၉ ဦး စုစုပေါင်း အိမ်ထောင်စု ၁,၁၈၂ စု၊ လူဦးရေ ၅,၃၂၂ ဦးအတွက်   ဆန် ၁,၃၃၂ အိတ်၊ ဆီ ၅၉၁ ပိဿာ၊ ပဲ ၁,၁၈၂ ပိဿာ၊ ကျား၊ မ အဝတ်အထည် ၃၀၀ ထည်ပါ ၁၀ ထုပ်၊ ၇၀၀ ထည်ပါ ၁၀ ထုပ်နှင့် စုစုပေါင်းငွေကျပ် ၁၀,၃၀၀,၀၀၀ ပေးအပ်ခဲ့။

          အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးအဖွဲ့တို့နှင့် အသက် ၈၅ နှစ်နှင့် အထက် အဘိုးအဘွားများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၂-၂၀၂၃)

 

  • ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား စုစုပေါင်း ၁,၀၅၂ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၁,၅၆၀,၀၀၀ နှင့်  မြိုင်ကြီးငူအထူးဒေသရှိ အသက်၈၅ နှစ်နှင့်အထက် အဘိုး အဘွား ၅၀ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၁,၅၀၀,၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့
  • ဖာပွန်မြို့နယ်နှင့် မြိုင်ကြီးငူအထူးဒေသရှိ ယာယီနေရပ်စွန့်ခွာသူအိမ်ထောင်စု ၁,၁၈၂ စုအား  ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာ၊ အဝတ်အထည်များအပြင် စုစုပေါင်းငွေကျပ်  ၁၀,၃၀၀,၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့။

Add new comment