စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တာဝန်ရှိသူများသည်-
- ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာရှိ နေကြာစိုက်ခင်းများသို့ သွားရောက်ကြည့်ရှု၍ တောင်သူများထံ ပိုးသတ်ဆေးဘူးများနှင့် နေကြာမျိုးစေ့များ ပေးအပ်ခဲ့ပြီးနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ရှိသူတစ်ဦးက ပိုးသတ်ဆေးစနစ်တကျသုံးစွဲပုံကို တောင်သူများအား ရှင်းပြခဲ့။
- ကလေးမြို့နယ်တွင် နေကြာစိုက်ဧကစုစုပေါင်း ၄၈,၃၇၈ ဧက ရှိပြီး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့။
- ဖောင်ကူးကျေးရွာရှိ ဖောင်ဆိပ်ကုန်ထုတ်လမ်း ဖောက်လုပ်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့။
- စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ သုတသုခဓာတ်မြေဩဇာစက်ရုံ၌ ဇာမဏီတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လေ့လာကြည့်ရှုခဲ့။
- ဇာမဏီတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာကို နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့် ပိုတက်ဆီယမ်အာဟာရဓာတ်များဖြင့် အချိုးကျပါဝင်အောင် စနစ်တကျထုတ်လုပ်ထားပြီး တစ်နှစ်လျှင် တန် ၄၀,၀၀၀ ခန့်ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသော စက်ရုံတစ်ရုံဖြစ်သဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဓာတ်မြေဩဇာလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့သည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး အားကစားပစ္စည်းများ၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၂-၂၀၂၃)
- ကလေးမြို့နယ်တွင် နေကြာစိုက်ဧကစုစုပေါင်း ၄၈,၃၇၈ ဧက ရှိပြီး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့။
- ဇာမဏီတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာကို နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့် ပိုတက်ဆီယမ်အာဟာရဓာတ်များဖြင့် အချိုးကျပါဝင်အောင် စနစ်တကျထုတ်လုပ်ထားပြီး တစ်နှစ်လျှင် တန် ၄၀,၀၀၀ ခန့်ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသော စက်ရုံတစ်ရုံဖြစ်သဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဓာတ်မြေဩဇာလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်။
- စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး အားကစားပစ္စည်းများ၊ ထောက်ပံ့ပစ္စည်း များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
Add new comment