ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးတည်ထောင်မှု (၇၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ မော်စကိုအစိုးရနှင့် Grandpa Durov’s Corner Animal Theatre တို့ပူးပေါင်း၍ ဖေဖော်ဝါရီလ ၂၂ ရက် ၁၄၀၀ နာရီတွင် မြန်မာ့ဆင်လိမ္မာလေးများအား ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ပုံ၊ ထိန်းသိမ်း၊ စောင့်ရှောက်၊ လေ့ကျင့်ပေးပုံများ စသည့်မှတ်တမ်းဓာတ်ပုံပြပွဲအခမ်းအနားအား မော်စကိုမြို့ရှိ Grandpa Durov’s Corner Animal Theatre ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီးနောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးတည်ထောင်မှု (၇၀)နှစ်မြောက် အထိမ်းအမှတ်နေ့၌ ပေးအပ်ခဲ့သော မြန်မာ့ဆင်လိမ္မာ ၃ စီးနှင့် အခြားတိရစ္ဆာန်ငယ်လေးများက တက်ရောက်လာကြသော ဧည့်သည်တော်များအား အက၊ အလှ၊ သဘာဝတို့ဖြင့် ကပြ ဖျော်ဖြေခဲ့ကြပါသည်။
အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဆောင်သည့် မြန်မာသံရုံးမိသားစုများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ)စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းမိသားစုများ၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မော်စကိုအစိုးရအဖွဲ့ဝန်ကြီးနှင့် မော်စကိုနိုင်ငံခြားစီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ရေးရာကောင်စီဥက္ကဋ္ဌ၊ တတိယအာရှဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် Grandpa Durov’s Corner Animal Theatre မှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား၊ ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၂-၂၀၂၃)
- မြန်မာ-ရုရှား နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးတည်ထောင်မှု (၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် မြန်မာ့ဆင်လိမ္မာဖျော်ဖြေပွဲနှင့် အဆိုပါဆင်လိမ္မာလေးများအား ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ပုံ၊ ထိန်းသိမ်း၊ စောင့်ရှောက်၊ လေ့ကျင့်ပေးပုံများစသည့် မှတ်တမ်းဓာတ်ပုံပြပွဲအခမ်းအနားအား မော်စကိုမြို့ရှိ Grandpa Durov’s Corner Animal Theatre ၌ ကျင်းပခဲ့။
Add new comment