မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရှိ သံဘိုချောင်းဖျားကျေးရွာ၊ သံဘိုအလယ်ရွာနှင့် သံဘိုရွာသစ် တို့တွင် နှစ်သက်တမ်းများစွာက တည်ရှိခဲ့သည့် ကြီးမားသော အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းနှင့် သံချက်ဖိုများအား ရပ်ရွာအခြေပြု ခရီးစဉ်ဒေသတစ်ခုအဖြစ်ဖော်ဆောင်ရန် ဟော်တယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါဒေသတွင် လေ့လာတွေ့ရှိချက်များအရ-
· တူးဖော်တွေ့ရှိထားသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း ကျောက်ကြီးသည် မြေအနက် ၁၇ ပေခန့်တွင် အလျား ၇၄ ပေ၊ လုံးပတ် ၆ ပေ ၇ လက်မခန့်ရှိပြီး ဆက်လက်တူးဖော် ရန် ကျန်ရှိနေကြောင်း။
· ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်း ပရိုင်းမိတ်ဟုယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအမည် ၁၀၀ ခန့် စုစည်း ထားရှိထားသော်လည်း ၇ မျိုးသာ သတ္တဝါတို့၏ ကျောက် ဖြစ်ရုပ်ကြွင်းဖြစ်ကြောင်း။
· ပုံတောင်ပရိုင်းမိတ်နှင့်တူသော နှစ်သန်းပေါင်း ၄,၀၀၀ ကျော်ခန့်ရှိ လူသားမျိုးနွယ်အစဟု ယူဆရသည့် ပုံစံတူအမျိုးအမည်မသိ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ကြောင်း။
· သံဘိုကျေးရွာသည် ပုပ္ပါးတောင်မကြီး ကိုးကွေ့သစ်တောကြိုးဝိုင်းနှင့် ကပ်လျက်တည်ရှိကာ အင်ကြင်းကျောက် များ စွာထွက်ရှိကြောင်း။
· သံဘိုချောင်းဖျားကျေးရွာ အရှေ့ဘက်မန်ကျည်းတောအတွင်း ပုဂံမင်းအဆက်ဆက်အား လက်နက်ဆက်သရသည့် သံချက်ဖိုအမြောက်အမြားရှိနေသေးပြီး သံချေးခဲများကို သံချက်ဖိုများအနီး တွေ့ရှိခဲ့ကြောင်း။
· သံဘိုချောင်းဖျားကျေးရွာသည် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများကို တိုင်းရင်းဆေး ထုတ်လုပ်ရောင်းချသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။
ကျောက်ဖြစ်ရုပ်ကြွင်းဝါသနာရှင်၊ ပညာရှင်များအနေဖြင့် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာသို့ လာရောက်လေ့လာလိုပါက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံဌာနခွဲသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။
- တူးဖော်တွေ့ရှိထားသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းကျောက်ကြီးသည် မြေအနက် ၁၇ ပေခန့်တွင် အလျား ၇၄ ပေ၊ လုံးပတ် ၆ ပေ ၇ လက်မခန့်ရှိပြီး ဆက်လက်တူးဖော်ရန်ကျန်ရှိ။
- ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်း ပရိုင်းမိတ်ဟုယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအမည် ၁၀၀ ခန့် စုစည်း ထားရှိထားသော်လည်း ၇ မျိုးသာ သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်။
- ပုံတောင်ပရိုင်းမိတ်နှင့်တူသော နှစ်သန်းပေါင်း ၄,၀၀၀ ကျော်ခန့်ရှိ လူသားမျိုးနွယ်အစဟု ယူဆရသည့် ပုံစံတူ အမျိုးအမည်မသိ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းကိုလည်း ထပ်မံတွေ့ရှိခဲ့။
- သံဘိုကျေးရွာသည် ပုပ္ပါးတောင်မကြီး ကိုးကွေ့သစ်တောကြိုးဝိုင်းနှင့် ကပ်လျက်တည်ရှိကာ အင်ကြင်းကျောက် များစွာ ထွက်ရှိကြောင်း။
- သံဘိုချောင်းဖျားကျေးရွာ အရှေ့ဘက်မန်ကျည်းတောအတွင်း ပုဂံမင်းအဆက်ဆက်အား လက်နက်ဆက်သရသည့် သံချက်ဖိုအမြောက်အမြားရှိနေသေးပြီး သံချေးခဲများ၊ သံချက်ဖိုများ တွေ့ရှိ။
Add new comment