အကြမ်းဖက်CRPH၊ NUG၊ PDF များ၏ပစ်မှတ်ဖြစ်နေသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များ

        ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်းမှာ ကျောင်းကားတစ်စီးကို အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ CRPHNUGတို့ရဲ့လက်ဝေခံ PDFအမည်ခံအကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ ကျောင်းသူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသွားတဲ့ သတင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကြားသိခဲ့ရပါတယ်။

ကျောင်းဖွင့်ရက်တွေမှာနေ့စဉ် ဒီအချိန်၊ ဒီလမ်းကြောင်းကနေ ပုံမှန်သွား လာနေတဲ့ ကျောင်းကားကို ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်လို့ ကျောင်းသူ ကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရက်ရက်စက်စက်အကြမ်းဖက် တိုက်ခိုက်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ကျောင်းဝတ်စုံအဖြူအစိမ်းဝတ်ဆင်ထားတဲ့ အပြစ်မဲ့ ကလေးငယ် ကျောင်းသား၊ ကျောင်းသူလေးများ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများကို မြင်တွေ့ရတဲ့သူတိုင်းလည်း စိတ်မကောင်းဖြစ်ကြ ရပါတယ်။ သားသမီးရှိတဲ့ မိဘတိုင်းလည်း ကိုယ်ချင်းစာစိတ်နဲ့ ခံစားကြည့်ရင် ဒီလိုဆိုးရွားရက်စက်ယုတ်မာလွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရွံရှာစက်ဆုတ် ကြပါတယ်။

ဒီလိုဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံတော်ရဲ့အနာဂတ်၊ မိဘများရဲ့ မျှော်လင့်ချက် ဖြစ်တဲ့ သားသမီးများရဲ့ပညာသင်ကြားရေးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သလို နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကလေးသူငယ်များကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်မျိုးတွေကို နိုင်ငံတကာက ဘယ်လိုသဘောထားကြပါလဲ။ ငြင်းလို့မရတဲ့ သက်သေအထောက်အထားတွေအရ ဒီလိုဆိုးရွားရက်စက်လွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ ကြိုးကိုင်စီစဉ်ဆောင်ရွက်နေတဲ့ အကြမ်းဖက် အုပ်စုအဖြစ်ကြေညာထားတဲ့CRPH၊  NUG နဲ့ ၎င်းတို့ရဲ့လက်ဝေခံ မြေပြင်မှာ လက်ရဲဇက်ရဲကျူးလွန်နေတဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေကို အားပေး ထောက်ခံသင့်ပါသလား စဉ်းစားချင့်ချိန်ကြစေချင်ပါတယ်။

ကလေးသူငယ်တွေဆိုတာ နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အနာဂတ် ဖြစ်သလို အဖိုးတန်ရတနာတွေလည်းဖြစ်ပါတယ်။ ကလေးသူငယ်တွေဟာ အရွယ်ရောက်ပြီးသူတွေနဲ့ နှိုင်းယှဉ်ရင် မိမိကိုယ်ကိုယ် စောင့်ရှောက်ကာကွယ်နိုင်တဲ့ အသက်အရွယ်၊ အတွေ့အကြုံနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေမရှိသေး တာကြောင့် မိဘ၊ ဆွေမျိုးများ၊ အစိုးရနဲ့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းများရဲ့ အရိပ်အာဝါသအောက်မှာ အထူးအကာအကွယ်ပေးထားရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတိုင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ရရှိသင့်တဲ့ အခွင့်အရေးတွေနဲ့၊ သူတို့အပေါ်ကျရောက်နိုင်တဲ့ ဘေးအန္တရာယ် တွေကို ဥပဒေတွေနဲ့ ထိန်းကျောင်းကာကွယ်ထားရခြင်း ဖြစ်ပါတယ်။

 နိုင်ငံတကာဥပဒေတွေအရတော့ တိုက်ခိုက်ရေးစစ်သည်မဟုတ်တဲ့ အရပ်သား (Non-Combatants) တွေကိုအကာအကွယ်ပေးထားတဲ့ဥပဒေတိုင်းဟာ ကလေး သူငယ်များအတွက် “General Protection” အရ အကျုံးဝင်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၂၄ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ Geneva Declaration of the Rights of the Child၊ ၁၉၅၉ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ Declaration of the Rights of the Child အပါအဝင် အခြားသော အခွင့်အရေးဆိုင်ရာဥပဒေများမှာ ကလေး သူငယ်များရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားပါတယ်။

သာမန်အခြေအနေတွေမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးထားသလို သာမန်မဟုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်းမှာလည်း အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် အထူး ကာကွယ်ပေးထားတဲ့ ဥပဒေတွေ ရှိပါတယ်။ Geneva Convention တွေရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ ၁၉၇၇ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ Additional Protocol I၊ Article 77 မှာ “Children shall be the object of special respect and shall be protected against any form of indecent assault. The Parties to the conflict shall provide them with the care and aid they require, whether because of their age or for any other reason” ကလေးသူငယ်တွေကို အထူးလေးစားရမယ်၊ သူတို့အပေါ်ကျရောက်မယ့် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ကာကွယ်ပေးရမယ်။ အသက်ငယ်တာအပြင် ဘယ်လို အကြောင်းပြချက်နဲ့ဖြစ်ဖြစ် ပဋိပက္ခထဲမှာ ပါဝင်တဲ့အုပ်စုတွေအနေနဲ့ ကလေးငယ် တွေကို ကူညီထောက်ပံ့စောင့်ရှောက်မှုတွေပေးရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ပြည်တွင်းပဋိပက္ခကိုရည်ညွှန်းတဲ့ AP II မှာ အဲဒီထက်အသေးစိတ်ကျတဲ့ ပြဋ္ဌာန်းချက် တွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က “ကလေး သူငယ် အခွင့်အရေးဆိုင်ရာဥပဒေ” ကိုပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ ဒီဥပဒေရဲ့ အခန်း (၁၆) မှာ “ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက် ခြင်း” ပါဝင်ပြီး ကလေးသူငယ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးထားပါတယ်။ အခန်း (၁၇) ဖြစ်တဲ့ “ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ”ဆိုတဲ့အခန်းမှာလည်း လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ   ကလေးသူငယ်တွေကို      အထူးကိစ္စရပ် တစ်ခုအနေနဲ့ အကာအကွယ်ပေးဖို့၊ စောင့်ရှောက်ဖို့၊ ပါဝင်ပြီး ဖြစ်ပါတယ်။

ဒီလို ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ကလေးသူငယ်တွေကို အလေးထား ကာကွယ်စောင့်ရှောက်ဖို့၊ ပဋိပက္ခတွေမှာ မပါဝင်စေဖို့၊ ကြားမညပ်စေဖို့ ဥပဒေတွေနဲ့ တားမြစ်ထားပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားတဲ့ CRPH၊ NUGတို့ရဲ့လက်ဝေခံ PDFအမည်ခံအကြမ်းဖက် သမားများက နိုင်ငံရေးအရ အမြင်မတူလို့၊ သူတို့ကို ထောက်ပံ့ခြင်းမပြုလို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိသားစုတစ်စုလုံးကို ကလေးသူငယ်ပါမကျန် ရက်ရက် စက်စက် သတ်ဖြတ်နေကြသလို၊ ကလေးသူငယ်တွေကိုလည်း အကြမ်းဖက် ဖောက်ခွဲမှုကျူးလွန်တဲ့ နေရာမှာ ဓားစာခံအဖြစ်အသုံးချ နေကြတာကို စိတ်မကောင်းဖွယ်ရာ၊ စိုးရိမ်ထိတ်လန့်ဖွယ်ရာ မြင်တွေ့ကြားသိ နေရပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG တွေနဲ့ ၎င်းတို့ရဲ့လက်ဝေခံ PDFအမည်ခံအကြမ်းဖက်သမား တို့ရဲ့ အကြမ်းဖက်မှု ကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ်အရေအတွက် ၁၄၃ ဦးရှိပြီဖြစ်ပြီး၊ ဒဏ်ရာရရှိခဲ့တဲ့အရေအတွက် ၃၉၂ ဦးရှိပြီး ဖြစ်ပါတယ်။ စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းဒေသကြီးဟာ ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးက ဒုတိယအများဆုံး ဖြစ်ပါ တယ်။ သေဆုံးခဲ့ကြရတဲ့ ကလေးငယ် အများစုဟာ နိုင်ငံရေး အရောင်အသွေး မတူတဲ့အတွက် ဒလန်မိသားစုဆိုပြီး စွပ်စွဲသတ်ဖြတ်လို့၊ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်းတွေ ပေါက်ကွဲလို့၊ PDF အမည်ခံအကြမ်းဖက် တွေလက်နက်စမ်းသပ်ရင်း ကျေးရွာတွေထဲကို ရမ်းသမ်း ပစ်ခတ်လို့၊ ကျေးရွာ မီးရှို့လို့၊ ဒရုန်းတွေမှာ ဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိ ပစ်ချလို့ သေဆုံးခဲ့ ကြရတာ အများစုဖြစ်ပြီး၊ PDF အမည်ခံအကြမ်းဖက် တွေ အကြမ်းဖက်မှု ဆောင်ရွက်ဖို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို       ဓားစာခံအဖြစ်

အသုံးချတဲ့အတွက် သေဆုံးခဲ့ကြ ရတဲ့ဖြစ်စဉ်များလည်း ပါဝင်နေပါတယ်။

 

-၂-၂၀၂၁ ရက်မှ ၁၁-၂-၂၀၂၃ ရက်ထိအကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော  CRPH၊  NUGနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကလေးသူငယ်များသေဆုံးမှုစာရင်း

စဉ်

တိုင်း/

ပြည်နယ်

သေဆုံးသည့်

ကလေး သူငယ်

​ပေါင်း

​ဒဏ်ရာရရှိသည့်

ကလေးသူငယ်

​ပေါင်း

ကျား

ကျား

နေပြည်တော်

 

 

 

 

ကချင်ပြည်နယ်

 

၁၂

၁၇

ကယားပြည်နယ်

 

 

 

ကရင်ပြည်နယ်

 

၁၂

၁၉

ချင်းပြည်နယ်

 

စစ်ကိုင်းတိုင်းဒေသကြီး

၄၂

၂၄

၆၆

၆၉

၄၉

၁၁၈

တနင်္သာရီတိုင်းဒေသကြီး

၁၃

၁၆

ပဲခူးတိုင်းဒေသကြီး

၁၀

၂၂

၁၂

၃၄

မကွေးတိုင်းဒေသကြီး

၁၅

၂၁

၁၅

၁၄

၂၉

၁၀

မန္တလေးတိုင်းဒေသကြီး

၁၇

၃၈

၁၁

၄၉

၁၁

မွန်ပြည်နယ်

၁၁

၁၉

၁၂

ရခိုင်ပြည်နယ်

 

 

၁၃

ရန်ကုန်တိုင်းဒေသကြီး

၂၄

၁၇

၄၁

၁၄

ရှမ်းပြည်နယ်

 

၁၈

၁၃

၃၁

၁၅

ဧရာဝတီတိုင်းဒေသကြီး

 

စုစု​ပေါင်း

၈၃

၆၀

၁၄၃

၂၄၁

၁၅၁

၃၉၂

ဒီဖြစ်စဉ်တွေထဲကမှ ပြည်သူလူထုနဲ့ နိုင်ငံတကာက သိရှိနိုင်အောင် ထူးခြားဖြစ်စဉ်တစ်ချို့ကို အကျဉ်းမျှဖော်ပြပေးလိုပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၁ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ ညောင်ရှင်ကုန်း ကျေးရွာမှာ ရစဖမှူး ဦးမြင့်အောင်၏ဇနီး၊ သမီးနဲ့ မြေးများဖြစ်တဲ့ မိသားစုဝင် (၇) ဦးစလုံးကို PDFအမည်ခံအကြမ်းဖက် တွေ သတ်ဖြတ်သွားကြပါတယ်။ ဒီလို ရက်ရက် စက်စက်အသတ်ခံရတဲ့ မိသားစုတွေထဲမှာ မြေးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်နေထက်သိန်း၊ အသက် ၁၆ နှစ်အရွယ် မောင်ဇေယျာအောင်၊ အသက် ၁၃ နှစ်အရွယ် မောင်စိုးမင်းပိုင်၊ အသက် ၉ နှစ်အရွယ် မမေဇင်ဖြူ၊ နာမည်တောင် သေချာမပေးရသေးတဲ့ တစ်နှစ်အရွယ် မောင်သားသားတို့ဟာ အရွယ်မရောက် သေးတဲ့ ကလေးငယ်များဖြစ်ကြပါတယ်။ အဘိုးဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်တာနဲ့ မိသားစုတစ်စုလုံးကို ရင်ခွင်ပိုက် ၁ နှစ်အရွယ်ကလေးပါမကျန် လူမဆန်စွာ သတ်ဖြတ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာမှာ အကြမ်းဖက် PDF အမည်ခံအကြမ်းဖက် တွေက ဦးကျော်လှိုင် (၆၅) နှစ် (ဝါး/မျော ရောင်းဝယ်ရေး) အပါအဝင် မိသားစု (၈) ယောက်စလုံးကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြပါတယ်။  ဒီလိုသတ် ဖြတ်ခံရတဲ့အထဲမှာ ဦးကျော်လှိုင်ရဲ့ မြေးတွေဖြစ်တဲ့ မောင်ခန့်ဇေယျာမျိုး(၆)နှစ်၊ မသိမ့်ရွှေဘုံစံ (၁၁) နှစ်၊ မစုမြတ်စံ (၁၅)နှစ် တို့ဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ဖြစ်ကြပါတယ်။ ထူးခြားတာက ဦးကျော်လှိုင်တို့ မိသားစုဟာ NLD ပါတီကို ထောက်ခံအားပေးသူတွေဖြစ်ပြီး ဝါး/မျောရောင်းဝယ်ရေးနဲ့ စီးပွားဖြစ်နေကြပေမယ့် PDF အမည်ခံအကြမ်းဖက် တွေကို ထောက်ပံ့ကြေး မပေးတော့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်သွားကြတာ ဖြစ်ပါတယ်။ အရင်ကပေးနေပြီး နောက်ပိုင်းမှာ PDF အမည်ခံအကြမ်းဖက် တွေရဲ့ အကြမ်းဖက်လမ်းစဉ်ကို မယုံကြည်တော့လို့ ဆက်လက်မထောက်ပံ့တော့တာ လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား တဲ့ CRPH NUGတို့ရဲ့လက်ဝေခံ PDFအမည်ခံ အကြမ်းဖက်သမား များက သူတို့ကို မထောက်ခံတာနဲ့၊ ငွေကြေးမပေးတာနဲ့ နိုင်ငံရေးအရောင်မရွေး ကလေးပါမကျန် ရက်စက်စွာသတ်ဖြတ်ကြတယ်ဆိုတာ သိသာထင်ရှားစေတဲ့ အထောက်အထားတစ်ခုဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင်ကျေးရွာမှာ ရစဖမှူး ဦးစိုးညွန့်အိမ်ကို PDF အမည်ခံ အကြမ်းဖက် သမားတွေ ရောက်လာပြီး ဇနီး မတင်မာစိုး အပါအဝင်၊ သားဖြစ်သူ အသက် ၃ နှစ်အရွယ် မောင်စွမ်းထက်အောင်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြပါ တယ်။ ဒီလိုမျိုး အုပ်ချုပ်ရေးမှူးမိသားစုတွေကို ကလေးငယ်တွေပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ဖြစ်စဉ်တွေ အများကြီးရှိခဲ့ပါတယ်။ ဖခင် (သို့မဟုတ်) အဖိုးဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်နေတာနဲ့ သူတို့ရဲ့ မိသားစုတွေကို ရင်ခွင်ပိုက်ကလေးပါ မကျန်သတ်ဖြတ်နေကြတာက လုံလောက် တဲ့ အကြောင်းပြချက်ဟုတ်ပါရဲ့လား၊ ဖြစ်သင့်ဖြစ်ထိုက်ပါသလား စဉ်းစားကြည့် ကြဖို့လိုပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က၊ တန့်ဆည်မြို့နယ်၊ ကျီကုန်း (တ)ကျေးရွာက ဦးရဲမြင့် (၅၇) နှစ်အပါအဝင် မိသားစုဝင် (၆) ဦးစလုံးကို PDF အမည်ခံအကြမ်းဖက် တွေ က ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့မိသားစု ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး ဦးရဲမြင့်ရဲ့ မြေးဖြစ်သူ မနုနုခိုင် နဲ့ မချောစုလှိုင်တို့ဟာ အသက် ၁၈ နှစ်ဝန်းကျင်သာရှိတဲ့ ဆယ်ကျော်သက်တွေဖြစ်ပြီး၊ အငယ်ဆုံး မကျော့မှူးကေသွယ်ဟာ အသက် ၄ နှစ်သာ ရှိပါသေးတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိသားစုဖြစ်တာနဲ့ အရွယ်မရောက် သေးတဲ့ အမျိုးသမီးငယ်လေးတွေပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ မကွေးတိုင်းဒေသကြီး၊ ချောက် မြို့နယ် ပျဉ်းမလမ်း ယာဘက်က မြို့နယ်ဘောလုံးကွင်းဝင်ပေါက်မှာ လက်လုပ်မိုင်း (၁) လုံး ပေါက်ကွဲပြီး မောင်မိုးရန်ကို (၇) နှစ် နဲ့ မောင်ဝင်းနိုင်မင်း (၁၁) နှစ်တို့ ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ကြရပါတယ်။ မျက်မြင်တွေ့ရှိချက်တွေအရ ကလေးငယ် (၂) ဦး ကိုင်ဆောင်လာတဲ့ ကြွပ်ကြွပ်အိပ်ထဲက မိုင်းပေါက်ကွဲခဲ့တာလို့ သိရပါ တယ်။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH NUGတွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ PDFအမည်ခံအကြမ်းဖက်သမားများက လူသူအများအပြား လာရောက် ကြည့်ရှုတဲ့ အားကစားကွင်း ထဲမှာ မိုင်းခွဲဖို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ငွေကြေးပေးပြီး ခိုင်းစေ အသုံးချခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ NUG က ဇော်ဝေစိုး ထုတ်ဖော်ပြော ဆိုခဲ့တဲ့ “အိပ်သေးသေးလေးတွေလည်း ဖွင့်မကြည့်နဲ့ ကိစ္စတုံးသွားမယ်”ဆိုတဲ့ ခြိမ်းခြောက်မှု နဲ့ တစ်ထေရာတည်း တူညီနေတာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် PDF အမည်ခံအကြမ်းဖက်  တွေအနေနဲ့ နိုင်ငံရေး အရောင်အသွေးမတူလို့၊ ဝန်ထမ်းဖြစ်လို့ဆိုတဲ့ အကြောင်း ပြချက်သာ မကတော့ပဲ သူတို့ကို အားပေးထောက်ခံခြင်းမပြုတော့တဲ့ နိုင်ငံရေး အရောင် အသွေးတူသူတွေကို သတ်ဖြတ်တဲ့နေရာမှာ ဘာမှမဆိုင်တဲ့ ကလေး သူငယ်တွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်နေကြကြောင်း မီးမောင်းထိုးပြနေ တာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေ ဖြစ်လာရတဲ့ ဇစ်မြစ်က အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ NUG အဖွဲ့ရဲ့ စေခိုင်းစီမံမှု တွေနဲ့ လှုံဆော်မှုတွေအရ PDF အမည်ခံအကြမ်းဖက် အဖွဲ့တွေက မြေပြင်မှာ ကျုးလွန်နေ ကြတာ ဖြစ်ပါတယ်။ ငြင်းလို့မရနိုင်တဲ့ အထောက်အထားတွေ၊ ခိုင်မာတဲ့မှတ် တမ်း တွေ အားလုံးရှိနေပြီး၊ ကမ္ဘာသိအောင် သတင်းများထုတ်ပြန်ပေး နေသလို၊ သက်ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး နိုင်ငံတကာအဖွဲ့အစည်းများနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့များကိုလည်း ထပ်ခါတလဲလဲ အသိပေးထားပြီး ဖြစ်ပါ တယ်။

စိတ်မကောင်းစရာက နိုင်ငံတစ်ချို့ကတော့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUGတွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ PDFအမည်ခံ အကြမ်းဖက်သမားများက အကြမ်းဖက် လူသတ်နေကြတဲ့ဖြစ်စဉ်တွေကို ကမ္ဘာ့မီဒီယာတွေပေါ်မှာ တက်မလာအောင် နည်းမျိုးစုံနဲ့ ထိန်းချုပ်ထားပြီး၊ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ CRPHနဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ ထိတွေ့ဆက်ဆံကာ အကြမ်းဖက် အားပေးလုပ်နေကြတာကို တွေ့ရပါတယ်။ ဒီလိုမျိုး ထိတွေ့ဆက်ဆံနေမှုတွေဟာ အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထား သော CRPH NUGတွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေကို အားပေးရာရောက်သလို မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုများကို ပိုဆိုးလာအောင် မီးထိုးပေးနေတဲ့ လုပ်ရပ်များပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ အကြမ်းဖက် ဝါဒနဲ့ အကြမ်းဖက်မှု (Terrorism & Terrorism Acts) ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ သို့သော်လည်း ဒီနေ့ အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထား တဲ့ CRPH၊ NUGတို့နဲ့ ၎င်းတို့ရဲ့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် တွေရဲ့ လုပ်ရပ်တွေက တော်လှန်ရေး အမည်ခံပြီး နိုင်ငံရေး ရပ်တည်ချက်မတူတဲ့ အပြစ်မဲ့ပြည်သူတွေ၊ ၎င်းတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မထောက်ခံတဲ့ အပြစ်မဲ့ ပြည်သူ (Non-Combatants)တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လုပ်ကြံသတ် ဖြတ်နေရာမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် များကိုပါမချန် သတ်ဖြတ် နေကြပြီး မည်သည့် ကမ္ဘာ့လူ့ အဖွဲ့အစည်းကမှ လက်မခံနိုင်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတယ် ဆိုတာကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG အကြမ်းဖက်အဖွဲ့ တွေ နဲ့  ထိတွေ့ဆက်ဆံနေကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ နိုင်ငံများကို ထပ်မံ အသိပေး ပြောကြားလိုပါတယ်။

ဒီလိုအရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေဟာ ငါနဲ့မတူ ငါ့ရန်သူအယူအဆ အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG အဖွဲ့တွေရဲ့ စေခိုင်းချက်အရ PDFအမည်ခံ အကြမ်းဖက်သမားတွေက ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်ပြစ်မှုကြီးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော် အနေနဲ့က တော့ နိုင်ငံတကာဥပဒေတွေအရကော၊ ပြည်တွင်းဥပဒေတွေအရပါ ကလေးသူ ငယ်များ အပါအဝင် ပြည်သူတစ်ရပ်လုံးကို ကာကွယ်ရမယ့်တာဝန် အပြည့်အဝ ရှိတာကြောင့် လိုအပ်တဲ့လုံခြုံရေး အစီအမံတွေချမှတ်ပြီး အကြမ်းဖက်ရန်ကနေ ကာကွယ်ပေးနေပါတယ်။ ဒီလို ရက်စက်ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို ကျုးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကို တွေကို ငွေကြေးထောက်ပံ့ပြီး နိုင်ငံရေးအကြောင်းပြချက်နဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိတွေ့ ဆက်ဆံနေကြတဲ့ နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပ လူပုဂ္ဂိုလ်များအနေနဲ့ အထူးဂရုပြုတွေးဆဆင်ခြင်နိုင်ဖို့ အတွက် ရင်ခွင်ပိုက် ကလေးပါမကျန် သတ်ဖြတ်နေကြတဲ့ အကြမ်းဖက် အုပ်စုအဖြစ် ကြေညာ ထားသော CRPH NUGတွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ PDFအမည်ခံ အကြမ်းဖက် တွေရဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေ တင်ပြပေး လိုက်ရပါတယ်။

 

မင်းခန့်

ကျမ်းကိုးစာရင်း

Geneva Convention IV 1949, Additional Protocol I and II 1977, Geneva Declaration of the Rights of the Child 1924, Declaration of the Rights of the Child 1959။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ “ကလေးလူငယ်အခွင့်အရေးဆိုင်ရာဥပဒေ”၊ ၂၀၁၉။

Add new comment