(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲစဉ်အဖြစ် မိထ္ထီလာပညာရေးဒီဂရီကောလိပ်အသင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ် အသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီးနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက တစ်ဦးချင်းအကောင်းဆုံးအားကစားသမားဆုရရှိသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပထမဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းကို ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ၊ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၂-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပသော(၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့။
Add new comment