နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၈/ ၂၀၂၃ ထုတ်ပြန်

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဖေဖော်ဝါရီလ ၂၂ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အနောက်မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကိုကျင့်သုံးရန် အပ်နှင်းခဲ့ပါသည်။

တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်ကြောင်း ထုတ်ပြန်ထားပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၂-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းခဲ့။

Add new comment