ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

         မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်ရှိ ဦးအားချာ၏ နွားမွေးမြူရေးခြံကို သတင်းအရရှာဖွေရာ ခြံစောင့်လုပ်သား မအားချာနှင့် မနာထီးတို့ နှစ်ဦးကို ၁၂ ဗို့ ပြောင်းချောသေနတ်တစ်လက်၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေ ၁၀၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ နွားခြံပိုင်ရှင် ဦးအားချာ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ ငွေကျပ် ၂.၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်း၊ ပွိုင့် ၂၂ သေနတ်လေးလက်၊ M-16 သေနတ်တစ်လက်၊ ၁၂ ဗို့ ပြောင်းချော သေနတ်တစ်လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၂၂-၂-၂၀၂၃)

 

  • ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်တွင် အမျိုးသမီးနှစ်ဦးအား ၁၂ ဗို့ ပြောင်း ချောသေနတ်တစ်လက်၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၀၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ငွေကျပ် ဒသမ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းနှင့် လက်နက်/ခဲယမ်းများကို ထပ်မံဖမ်းဆီးရမိခဲ့။

Add new comment