၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရတာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်အထိ ၁၀ လကျော်ကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၃,၃၈၈.၈၇၇ သန်းရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၆,၀၉၂.၉၆၄ သန်းရရှိသည့်အတွက် စုစုပေါင်းအမေရိကန် ဒေါ်လာ ၉,၄၈၁.၈၄၁ သန်း ရရှိခဲ့။

  • ယခင်နှစ်ကာလတူက ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇,၃၇၈.၈၈၆ သန်းရရှိခဲ့ရာ ယခုဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂,၁၀၂.၉၅၅ သန်း ပိုမိုရရှိခဲ့။

  • မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှ ၁၉ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃.၉၄၁ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇.၃၅၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁.၂၉၃ သန်း ဆောင်ရွက်နိုင်ခဲ့။

  • ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၉ ရက်အထိ ရေထွက်ပစ္စည်းတန်ချိန် ၁၀,၆၅၅ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉.၉၈၃ သန်းရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁၄၃ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁.၁၂၆ သန်း ဆောင်ရွက်နိုင်ခဲ့။

  • ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇၃.၂၉၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀.၄၄ သန်းဖြင့် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၈၃.၇၂၇ သန်း ရရှိပြီးဖြစ်။

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်များတင်ပို့ပြီး ယင်းပို့ကုန်များတွင် စက်မှုကုန်ချောတင်ပို့မှုမှာ အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၂၁-၂-၂၀၂၃)

 

  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်အထိ ၁၀ လ ကျော်ကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၉,၄၈၁.၈၄၁ သန်း ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂,၁၀၂.၉၅၅ သန်း ပိုမိုရရှိခဲ့။

  • မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှ ၁၉ ရက်အထိ  ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁.၂၉၃ သန်းရှိ။

  • ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၉ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁.၁၂၆ သန်းရှိ။

  • ကံပိုင်တီကုန်သွယ်ရေးစခန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၃.၇၂၇ သန်းရှိ။

Add new comment