မြန်မာနိုင်ငံတွင် သဘာဝသစ်တောသယံဇာတ ပေါကြွယ်ဝ၍ ကျန်းမာသော ပျားများစွာ ကျက်စားမှုဖြင့် အော်ဂဲနစ်ပျားရည် ထုတ်လုပ်ရောင်းချနိုင်သော အလားအလာကောင်း များရှိရာ ပြည်တွင်းစားသုံးရန် နှစ်စဉ်ပျားရည်တန်ချိန် ၂,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့ တန်ချိန် ၄,၀၀၀ ခန့်တင်ပို့လျက်ရှိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဌာနအောက်ရှိ ပျားမွေးမြူရေးဌာနနှင့် တောင်ပေါ်၊ မြေပြန့်ပျားမွေးမြူသူတောင်သူတို့ နှစ်စဉ် ပျားရည်ထုတ်လုပ်မှုမှ ပြည်ပနိုင်ငံများသို့ ပျားရည် တင် ပို့လျက်ရှိပြီး တစ်ပိုင်တစ်နိုင် ပျားမွေးမြူခြင်းမှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ ရရှိလျက်ရှိပါသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်မှလည်း နှစ်စဉ်ပျားရည်ထုတ်လုပ်လျက်ရှိရာ ပျားမွေးမြူရေးဌာနအနေဖြင့် စိုက်ပျိုးသီးနှံဧက ၁၅ သိန်းအား ဝတ်မှုန် ကူးပြောင်းလဲပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်မှုနှင့် ဝန်ဆောင် မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါသည်။
အာဆီယံနိုင်ငံတို့တွင် ဗီယက်နမ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ပျားရည်အများဆုံးထုတ်လုပ်လျက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော မြန်မာနိုင်ငံအနေဖြင့် ပျားရည်ပိုမိုထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၁၉၇၉ ခုနှစ်မှစ၍ ပျားမွေးမြူရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ပြည်ပသို့ ပျားရည်စတင်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
- ပြည်တွင်းစားသုံးရန် နှစ်စဉ် ပျားရည်တန်ချိန် ၂,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့ တန်ချိန် ၄,၀၀၀ ခန့် တင်ပို့လျက်ရှိ။
- တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်မှလည်း နှစ်စဉ် ပျားရည်ထုတ်လုပ်လျက်ရှိရာ ပျား မွေးမြူရေးဌာနအနေဖြင့် စိုက်ပျိုးသီးနှံဧက ၁၅ သိန်းအား ဝတ်မှုန်ကူးပြောင်းလဲပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိ။
- မြန်မာနိုင်ငံတွင် ၁၉၇၉ ခုနှစ်မှစ၍ ပျားမွေးမြူရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ပြည်ပသို့ ပျား ရည်စတင်ပို့ဆောင်ခဲ့။
Add new comment