မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ ပြန်လည်ရောက်ရှိ

       ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ဖေဖော်ဝါရီလ ၉ ရက်မှ ၁၉ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁,၉၆၃ ဦး၊ ခွဲစိတ်ရောဂါ ၅၈၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၇၄ ဦး၊ ကလေးရောဂါ ၃၁၈ ဦး၊ အရိုးရောဂါ ၁,၆၈၃ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၃၅၁ ဦး၊ မျက်စိရောဂါ ၁,၄၈၅ ဦး၊ သွားရောဂါ ၄၀၂ ဦးနှင့် အခြားရောဂါ ၃၆၇ ဦး အပါအဝင် ဒေသခံပြည်သူစုစုပေါင်း ၇,၄၂၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည့်အပြင် အထွေထွေခွဲစိတ်လူနာ ၃၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၈၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၄၉၅ ဦး၊ တယ်လီ‌ဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၅၅၇ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၇၂၃ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၂၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား နီးစပ်ရာတပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသပေးနေမှုများကို တာဝန်ရှိသူများက လာရောက်အားပေးကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၁-၂-၂၀၂၃)

 

  • မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ ပြန်လည်ရောက်ရှိခဲ့ရာ ဒေသခံပြည်သူစုစုပေါင်း ၇၄၂၈ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့။

Add new comment