စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ရောက်ရှိနေကြသော နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာမြို့နယ်တက္ကသိုလ်၊ ကောလိပ်အသီးသီးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများနှင့် တိုးတက်ပြောင်းလဲမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွက် အာဆီယံသဘောတူညီချက်(၅)ရပ်အပေါ် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
- မုံရွာမြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
- အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ မုံရွာတပ်နယ်မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မိသားစုများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ များ၊ တပ်နယ်မိသားစုဝင်များအား တွေ့ဆုံခဲ့။
- မုံရွာမြို့ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် တပ်မတော်ဆေးရုံသို့ သွားရောက် ကြည့်ရှုအားပေးကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့။
Add new comment