ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် စနစ်တကျ ဆက်လက်လက်ခံလျက်ရှိ

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၃ ရက်မှ ၉ ရက်အထိ-

· ကချင်ပြည်နယ်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူ ၁၇၆ ဦး။

· ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက် လာသူ  ၂၂၁ ဦး။

· ရှမ်းပြည်နယ် မူဆယ်နယ်စပ်ဂိတ်နှင့် လောက်ကိုင်နယ်စပ် ဂိတ်တို့မှ ပြန်လည်ဝင်ရောက်လာသူ ၁,၀၁၄ ဦးကိုလည်းကောင်း အသီးသီးလက်ခံခဲ့။

· ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော်ဆေး တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့်အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည်များ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီး သည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက် ပေးလျက် ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် အရ ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်လက်ခံခဲ့ ရာ ၂၅-၇-၂၀၂၁ ရက်မှ ၉-၁-၂၀၂၂ ရက်အထိ ၆၀,၀၇၉ ဦး ပြန် လည်ဝင်ရောက်လာခဲ့ပါသည်။

  • ဇန်နဝါရီလ ၃ ရက်မှ ၉ ရက်အထိ ပြည်ပနိုင်ငံများမှ နေရပ်ပြန်သူစုစုပေါင်း ၁,၄၁၁ ဦးတို့သည် လွယ်ဂျယ်၊ ကန်ပိုက်တီ၊ မြဝတီ၊ မူဆယ်နှင့် လောက်ကိုင်နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသား များအား နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်လက်ခံခဲ့ရာ ၂၅-၇-၂၀၂၁ ရက်မှ ၉-၁-၂၀၂၂ ရက်အထိ ၆၀,၀၇၉ ဦး ပြန်လည်ဝင်ရောက်လာခဲ့။

 

Add new comment