၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်တို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားများကို အောင်မြင်စွာကျင်းပကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့်ဂုဏ်ထူးဆောင်ဘွဲ့ များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်ပါသည်။
အဆိုပါဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ကျန်းမာရေးအခြေအနေအရ အဝေးရောက်လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင် ဇော်ဟိန်းတို့က နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ ဂုဏ်ထူးဆောင်ဘွဲ့များအား အဝေးရောက်လက်ခံယူသည့် ကာယကံရှင်မိသားစုဝင်များ ရှိရာနေရာများသို့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် သွားရောက်ပြီး လက်ခံယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
ထိုသို့ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က စည်သူဘွဲ့ရရှိကြသူ ဦးဝန်(မင်းသုဝဏ်)(စာရေးဆရာ)နှင့် ဦးလွင်(မွန်ပြည်နယ်)(နိုင်ငံတော်ကောင်စီဝင်)တို့ကိုယ်စား သား/သမက်ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်း ဦးထင် ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက်ချီးမြှင့် အပ်နှင်းခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၃)
- ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျန်းမာရေးအခြေအနေအရ အဝေးရောက်လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က စည်သူဘွဲ့ရရှိကြသူ ဦးဝန်(မင်းသုဝဏ်) (စာရေးဆရာ)နှင့် ဦးလွင်(မွန်ပြည်နယ်)(နိုင်ငံတော်ကောင်စီဝင်)တို့ ကိုယ်စား သား/သမက်ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက် ချီးမြှင့်အပ်နှင်းခဲ့။
Add new comment