ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာပါ ကောက်နုတ်ချက်မှာ-
- ချင်းပြည်နယ်သည် ချမ်းမြေ့သာယာသော ပြည်နယ်တစ်ခုအဖြစ် တည်ငြိမ်အေးချမ်းစွာရှိခဲ့သော်လည်း လက်ရှိအခြေအနေတွင် ချင်းပြည်နယ်နေရာဒေသအချို့အပါအဝင် နိုင်ငံ၏နေရာအချို့၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကို အဖျက်အမှောင့်လုပ်ရပ်များ ပြုလုပ်နေခြင်းမှာ ပြည်နယ်၏ အစဉ်အလာကောင်းများကို မှေးမှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလျက်ရှိ။
- မတည်မငြိမ်ဖြစ်ရခြင်း အကြောင်းရင်းအမှန်တရားကို နားလည်ကြပြီး နိုင်ငံတော်ပြိုကွဲပျက်စီးအောင် လုပ်ဆောင်နေကြသူများ၊ အမှောင့်ပယောဂများကို သတိထားကြရန်နှင့် အဖျက်လုပ်ရပ်များကို ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန်လိုအပ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို ယူနေရသည့် သတ်မှတ်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်လျက်ရှိ။
- ပြည်တွင်း၊ ပြည်ပငြိမ်းချမ်းရေးရရှိစေရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အလေးထားကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက် ရင်းနှီးခင်မင်စွာ ဆက်ဆံဆောင်ရွက်လျက်ရှိ။
- နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော ပြည်ပနိုင်ငံကြီးများနှင့် ပြည်ပသြဇာခံအဖွဲ့အစည်းများ၊ နိုင်ငံ့အကျိုးကိုပစ်ပယ်ပြီး မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တကိုသာ ရှေ့တန်းတင်၍ အလုံးစုံပျက်စီးရေးကို ပြုလုပ်နေကြသူများ၏ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုများနှင့် အလှမ်းဝေးဆဲဖြစ်။
- နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ပုံမှန်အခြေအနေရောက်အောင် ထိန်းသိမ်းမြှင့်တင်ပြီးမှသာ ရှေ့ဆက်ရမည့် လုပ်ငန်းတာဝန်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက် လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်။
- တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်။
- နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများ ပြုပြင်ပေးခြင်းနှင့် အသစ်ဆောက်လုပ်ပေးခြင်း၊ ဆရာ/ဆရာမများ ပိုမိုခန့်ထားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှု ဖြည့်ဆည်းပေး ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိ။
- နိုင်ငံတော်အစိုးရက ချင်းပြည်နယ်ရှိ ပြည်သူများ မျှော်လင့်စောင့်စားနေသော မဟာဓာတ်အားလိုင်းလျှပ်စစ်မီး ချင်းပြည်နယ်အနှံ့ ရရှိရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ။
- လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ပြည်မနှင့်လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သည့် အဝေးပြေးလမ်းများနှင့် ပြည်နယ်အတွင်းလမ်းများကို တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ ဆိပ်ကမ်းတည်ဆောက်ခြင်းစီမံကိန်းများလည်း ဆောင်ရွက်ပေးလျက်ရှိ။
- နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချင်းပြည်နယ်အတွက် ၁၀ ဘီလီယံကို ထောက်ပံ့ မတည်ပေးထားသည့်အပြင် ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ချင်းပြည်နယ်တွင် တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့စည်းပေးခဲ့။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်မှုသည် လွန်စွာ အရေးပါသည့်နည်းတူ ချင်းပြည်နယ်ရှိ ချင်းတိုင်းရင်းသားများအပါအဝင် ပြည်သူအားလုံးကလည်း စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့ခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၂-၂၀၂၃)
- ပြည်တွင်း၊ ပြည်ပငြိမ်းချမ်းရေးရရှိစေရန်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် အလေးထားကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက် ရင်းနှီးခင်မင်စွာ ဆက်ဆံဆောင်ရွက် လျက်ရှိ။
- နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ပုံမှန်အခြေအနေရောက်အောင် ထိန်းသိမ်းမြှင့်တင်ပြီးမှသာ ရှေ့ဆက်ရမည့် လုပ်ငန်းတာဝန်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်။
- တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်။
- နိုင်ငံတော်အစိုးရက ချင်းပြည်နယ်ရှိ ပြည်သူများမျှော်လင့်စောင့်စားနေသော မဟာဓာတ်အားလိုင်းလျှပ်စစ်မီး ချင်းပြည်နယ်အနှံ့ ရရှိရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ။
Add new comment