ဖေဖော်ဝါရီလ ၁၆ ရက်တွင် PDF အကြမ်းဖက်သမားများသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့မှ နိုင်ငံဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ပြု လုပ်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူများအား ပြန်လည်တွေ့ရှိရေး လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ပုလောမြို့နယ်၊ ကဒဲ ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်း၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ပြန်လည်တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
စစ်ဆေးမေးမြန်းချက်များအရ-
- ၎င်းတို့သည် နိုင်ငံ့ဝန်ထမ်းများ၊ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံများဖြစ်ပြီး ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက် ပုံမှန်သွားလာလျက်ရှိစဉ်နှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း။
- ဖမ်းဆီးခံရချိန်တွင် ၎င်းတို့ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း၊ ငွေနှင့်ပစ္စည်းများအား သိမ်းဆည်းကာ ကဒဲကျေးရွာရှိနေအိမ်အတွင်း၌ ဖမ်းဆီးချုပ်နှောင်၍ ရိုက်နှက်ခြင်းခံခဲ့ရကြောင်းနှင့် နေအိမ်အပြင်တွင် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က စောင့်ကြည့် လျက်ရှိကြောင်း။
- ၎င်းတို့၏ ရှေ့တွင်ယခင်ဖမ်းဆီးခံရသူ ၃ ဦးခန့်အား လက်ပြန်ကြိုးတုတ်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရှိရပြီး ၎င်းတို့မှာ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း သိရှိရ။
အပြစ်မဲ့အမျိုးသမီးများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်သဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၂-၂၀၂၃)
- PDF အကြမ်းဖက်သမားများ၏ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့မှ နိုင်ငံ့ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားအမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့။
- အပြစ်မဲ့အမျိုးသမီးများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူး လွန်ရာရောက်သဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်။
Add new comment