ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အိန္ဒိယသမ္မတနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးအား Virtual Meeting စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

       နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အိန္ဒိယသမ္မတနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး H.E. Shri G.Kishan Reddy တို့၏ Virtual Meeting ကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး/ သံရုံးယာယီတာဝန်ခံနှင့် ပထမအတွင်းဝန်တို့ တက်ရောက်ခဲ့ကြပြီး အိန္ဒိယဘက်မှ ယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးနှင့်အတူ အိန္ဒိယနိုင်ငံယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဝန်ကြီးဌာနနှင့် ပြည်ပရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။             

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၂-၂၀၂၃)

 

  • အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့

Add new comment