ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Asia World ဆိပ်ကမ်းတွင် ရောက်ရှိနေသည့် လျှပ်စစ်သုံးယာဉ် ၂၅ စီးအား ကြည့်ရှုစစ်ဆေး

      စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဖေဖော်ဝါရီလ ၁၈ ရက်က Asia World ဆိပ်ကမ်း၌ရောက်ရှိနေသည့် BYD အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် ၂၅ စီးကို လျှပ်စစ်သုံးယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ် မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာပါ အချက်အလက်များ ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါလျှပ်စစ်သုံးယာဉ် ၂၅ စီးသည် BYD Atto 3 အမျိုးအစား ၁၅ စီးနှင့် BYD Dolphin အမျိုးအစား ၁၀ စီးဖြစ်ပြီး လူစီးယာဉ်အဖြစ်အသုံးပြုနိုင်ရေး ရည်ရွယ်၍ Essential Motor Co., Ltd. က တင်သွင်းလာခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁၅ ရက်တွင်ရောက်ရှိပြီး ၁၆ ရက်တွင် Import Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ရန်ကုန်မြို့တွင်း City Taxi အဖြစ်ပြေးဆွဲမည့် BYD အမျိုးအစား လျှပ်စစ်သုံးယာဉ်များကိုလည်း မူရင်း ကုမ္ပဏီတွင်မှာယူထားပြီး မတ်လအတွင်း၌ ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရန်အတွက် Essential Motor Co., Ltd. သည်  ရန်ကုန်ဘူတာကြီးအနီးတွင် Level 3 အဆင့် Charger ငါးစုံ၊ Dual Gun အသုံးပြုနိုင်သည့် Charging Station တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၂-၂၀၂၃)

 

  • Asia World ဆိပ်ကမ်း၌ရောက်ရှိနေသည့် BYD အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် ၂၅ စီးသည် BYD Atto3 အမျိုးအစား ၁၅ စီးနှင့် BYD Dolphin အမျိုးအစား ၁၀ စီးဖြစ်ပြီး လူစီးယာဉ်အဖြစ်အသုံးပြုနိုင်ရေး ရည်ရွယ်၍ Essential Motor Co., Ltd. က တင်သွင်းလာခြင်းဖြစ်။
  • ရန်ကုန်မြို့တွင်း City Taxi အဖြစ်ပြေးဆွဲမည့် BYD အမျိုးအစား လျှပ်စစ်သုံးယာဉ်များကိုလည်း မူရင်းကုမ္ပဏီတွင်မှာယူထားပြီး မတ်လအတွင်း၌ ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်။
  • လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရန်အတွက် Essential Motor Co., Ltd. သည်  ရန်ကုန်ဘူတာကြီးအနီးတွင် Level 3 အဆင့် Charger ငါးစုံ၊ Dual Gun အသုံးပြုနိုင် သည့် Charging Station တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိ။

Add new comment