အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်လိုသည့် အချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံရေးပါတီအစုအဖွဲ့ ပြန်လည်ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ဖွဲ့စည်းပေါ်ပေါက်လာမည့် နိုင်ငံရေး ပါတီများ တည်ထောင်ပြီးနောက်ပိုင်း ယခုကဲ့သို့ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့အား ပြန်လည်ဖွဲ့စည်းနိုင်မည့်အခြေအနေကိုလည်းကောင်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၂-၂၀၂၃)
- တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်လိုသည့် အချက်များနှင့်စပ်လျဉ်း၍လည်းကောင်း နိုင်ငံရေးပါတီအစုအဖွဲ့ ပြန်လည်ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ဖွဲ့စည်း ပေါ်ပေါက်လာ မည့် နိုင်ငံရေးပါတီများ တည်ထောင်ပြီးနောက်ပိုင်း ယခုကဲ့သို့ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့အား ပြန်လည်ဖွဲ့စည်းနိုင်မည့် အခြေအနေကိုလည်းကောင်း ဆွေးနွေးညှိနှိုင်းခဲ့။
Add new comment