ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၉ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၈၄,၄၅၁ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၂၉,၀၇၀ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၉ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၃,၁၆၁ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ၄၁၄ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၉ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၅၁၁,၄၇၁ ဦးကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။

· ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် ပေါက်တောမြို့နယ်ရှိ  ဒေသခံပြည်သူများနှင့် ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေကြသည့် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ။

· ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့်ပတ်သတ်၍ ရောဂါ ဖြစ်ပွားမှုများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက် ရှိကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန် မြှင့်တင်ဆောင်ရွက်ခြင်း၊ (Quarantine Center)များ၊ (Treatment Center) များနှင့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ သက် ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်  အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိ။

· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ဇန်နဝါရီလ ၉ ရက်အထိ လူဦးရေစုစုပေါင်း ၂၁ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၁၆ ဒသမ ၆ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ ၄ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေစုစုပေါင်း ၃၇ ဒသမ ၆ သန်း ထိုးနှံပြီးဖြစ်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီလ ၉ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၈၂၂ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၇ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၅၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၉-၁-၂၀၂၂ ရက် အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၁၃၁,၇၇၆ ခု အား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၂,၀၆၂ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၉၁ ဦးရှိကြောင်း သိရှိရပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၉ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၈၄,၄၅၁ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၂၉,၀၇၀ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ၉-၁-၂၀၂၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၅၁၁,၄၇၁ ဦးကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် ပေါက်တောမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေကြသည့် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ။
  • ၉-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၁၃၁,၇၇၆ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၂,၀၆၂ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၉၁ ဦးဖြစ်ပြီး ၉-၁-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၅၅ ရာခိုင်နှုန်းရှိ။

 

Add new comment