မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များ နေပြည်တော်တွင် လေ့လာရေးခရီးစဉ်စတင်

       မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသံတမန်များ လေ့လာရေးခရီးစဉ်အတွက် ဖေဖော်ဝါရီလ ၁၆ ရက်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရှိ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ရုံး၌ “Presentation on MLC Special Fund Projects in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

 

ဆွေးနွေးပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က-

  • မြန်မာနိုင်ငံကို စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၇ ဒသမ သန်းတန်ဖိုးရှိ အထူး ရန်ပုံငွေစီမံကိန်း ၉၂ ခုကို ပေးအပ်ခဲ့သည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း။
  • မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကူညီပေးမှုအတွက် မဲခေါင်နိုင်ငံများကိုလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု၊ ပြီးစီးမှုနှင့် အကျိုးရလဒ်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီးနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၌ ရှေ့ဆက်ဆောင်ရွက်မည့် လမ်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲအပြီးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံ သံရုံး များမှ ကိုယ်စားလှယ်အဖွဲ့များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေစီမံကိန်းများအနက် တစ်ခုဖြစ်သော စိုက်ပျိုးရေးဆိုင်ရာစာရင်းအင်းအချက် အလက်စင်တာသို့ သွားရောက်လေ့လာခဲ့ကြကြောင်း၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အား ဖူးမြော်ကြည်ညိုကာရဋ္ဌနန္ဒကဆင်ဖြူတော်လေးအပါအဝင် ဆင်ဖြူတော်များ ကို အစာရေစာများ ကျွေးမွေးခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကိုယ်စားလှယ်များသည် နေပြည်တော်တပ်ကုန်းမြို့၊ အေးချမ်းသာစံပြကျေးရွာရှိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့် တည်ဆောက်ပေးခဲ့သည့် ကျေးရွာအတွင်း ရေ၊ မီးရရှိရေးစနစ်များ၊ စာသင်ကျောင်း၊ ကျောင်းစာကြည့်တိုက်နှင့် ရက်ကန်းလုပ်ငန်းတည်ထောင်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာကြပြီး အလယ်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်သို့ စာအုပ်များပေးအပ်လှူ ဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းသစ်တောသုတေသနဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “Assessment of Toxic Organic Contaminants in Mekong River Basin of Myanmar” စီမံကိန်း၏ရေဓာတ်ခွဲခန်းအားလည်းကောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုစီမံကိန်းဆိုင်ရာပြခန်းငယ်များနှင့် ရေဆင်းတက္ကသိုလ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း ခုအားလေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈--၂၀၂၃)

 

  • ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု၊ ပြီးစီးမှုနှင့် အကျိုးရလဒ်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့။
  • မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၌ ရှေ့ဆက်ဆောင်ရွက်မည့် လမ်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ် အဖွဲ့များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ သို့ သွားရောက်လေ့လာခဲ့။

 

Add new comment