(၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၂၉) ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ အခမ်းအနားကျင်းပ

         (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၂၉) ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုပြီးနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)က အဖွင့် မိန့်ခွန်းပြောကြားပြီးနောက် တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က သရုပ်ပြတီးခတ်ဖျော်ဖြေခဲ့ကြပြီး တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့အား  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)က  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 ဖေဖော်ဝါရီလ ၁၈ ရက်တွင် (၂၉) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပခဲ့ရာ နံနက်ပိုင်းနှင့် ညနေပိုင်းပွဲစဉ်များတွင် ကိုယ်စားပြုအသင်းတို့မှ အသီးသီးယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းပေါင်း (၃၁) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၂-၂၀၂၃)

 

  • (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၂၉) ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြု လုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့။
  • အဆိုပါ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းပေါင်း(၃၁)သင်း ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်။

Add new comment