စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SMM ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာစီမံကိန်းဌာနအကြီးအကဲ Mr. Roman Siurin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီလ ၁၆ ရက်တွင် စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ဆိပ်ကမ်းများ၊ သယ်ယူပို့ဆောင်ရေးဂိတ်များ၊ သင်္ဘောကျင်းများနှင့် စက်မှုလုပ်ငန်းများတွင် ဝန်တင်/ချရာ၌ အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ SMM ကုမ္ပဏီ၏ ထုတ်ကုန်များနှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာနရှိ အကြီးစားစက်မှုလုပ်ငန်း လေးခုတွင် ရုရှားနိုင်ငံမှ ကုမ္ပဏီများ လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Corporation “Rostec” ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Vladimir Kazadaev တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၂-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SMM ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာစီမံကိန်းဌာနအကြီးအကဲနှင့် တွေ့ဆုံရာတွင် စက်မှုဝန်ကြီးဌာနရှိ အကြီးစားစက်မှုလုပ်ငန်းလေးခုတွင် ရုရှားနိုင်ငံမှ ကုမ္ပဏီများလာ ရောက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
Add new comment