ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin တစ်သန်းပေးအပ်လှူဒါန်း

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း (Nippon Foundation) မှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin  Doses နှစ်သန်း ပေးအပ်လှူဒါန်းမည်ဖြစ်ရာ ပထမအသုတ်အနေဖြင့် Doses တစ်သန်း (ခန့်မှန်းတန်ဖိုး ဒေါ်လာ ၁၇ သန်း ကျော်) သည်  ဇန်နဝါရီလ ၉ ရက်တွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။

· အဆိုပါ Doses တစ်သန်းအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E.Mr. MARUYAMA Ichiro နှင့် နီပွန်ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် ဒါရိုက်တာတို့က ဌာနဆိုင်ရာတာဝန်ရှိသူတို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့။

· ဒုတိယအသုတ်ဖြစ်သော ကျန် Doses တစ်သန်းသည် ဇန်နဝါရီလ ၂၃ ရက်တွင် ထပ်မံရောက်ရှိမည်ဖြစ်။

· လာမည့် ၂၀၂၂ ခုနှစ်တွင်လည်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်ရေးအတွက် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်။

· ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ COVISHIELD ၁၅ ဒသမ ၄ သန်း၊ Sinopharm ၂၆ ဒသမ ၇ သန်း၊ Sinovac ၃ သန်းဖြင့် စုစုပေါင်း ၄၅ ဒသမ ၁ သန်း၊ လှူဒါန်းမှုမှ COVISHIELD ၂ ဒသမ ၅ သန်း၊ Sinopharm ၃ ဒသမ ၆ သန်း၊ Sinovac ၆ သန်း၊ Covaxin ၂ ဒသမ ၂ သန်း၊ Sputnik-V ၁,၇၀၀ ဖြင့် စုစုပေါင်း ၁၄ ဒသမ ၃ သန်းရရှိခဲ့ရာ စုစုပေါင်း ၅၉ ဒသမ ၄ သန်းခန့် ရရှိခဲ့ပြီးဖြစ်ပါ သည်။

မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်း နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက် ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါသည်။

  • ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin  Doses နှစ်သန်း ပေးအပ် လှူဒါန်းမည်ဖြစ်ရာ ပထမအသုတ်အနေဖြင့် Doses တစ်သန်းရောက်ရှိခဲ့ပြီးဖြစ်။
  • ဒုတိယအသုတ်ဖြစ်သော ကျန် Doses တစ်သန်းသည် ဇန်နဝါရီလ ၂၃ ရက်တွင် ထပ်မံရောက်ရှိမည်ဖြစ်။ 
  • ၁၀-၁-၂၀၂၂ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဝယ်ယူမှုမှ ၄၅ ဒသမ  ၁ သန်းနှင့် လှူဒါန်းမှုမှ ၁၄ ဒသမ ၃ သန်းရရှိခဲ့ရာ စုစုပေါင်း ၅၉ ဒသမ ၄ သန်း လက်ခံရရှိခဲ့ပြီးဖြစ်။

 

Add new comment

Switch to plain text editor