ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ “မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းအလေးချိန် ၁,၇၀၀ တန်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ဇန်နဝါရီလ ၃၁ ရက်တွင်လည်းကောင်း၊ ဆင်းတုတော်အပိုင်း(၄)အား ဖေဖော်ဝါရီလ ၁၃ ရက်တွင်လည်းကောင်း ပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင် ပူဇော်နိုင်ခဲ့ပြီးဖြစ်ပါသည်။
ရတနာပလ္လင်တော်ပေါ်သို့ နေရာချထားခြင်းအား Hydraulic Jack များ အသုံးပြု၍ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆင်းတုတော်အပိုင်း(၁/၂/၃) တို့ကို တွဲဆက်ထားသည့်အစိတ်အပိုင်းကြီး၊ ရတနာပလ္လင်တော်၊ ဆင်းတုတော်အပိုင်း(၄)တို့အား တစ်ခုနှင့် တစ်ခုကိုက်ညီမှုရှိစေရန် တစ်လက်မချင်း အချိန်ယူ၍ အသေးစိတ်ဆောင်ရွက်ခဲ့ရပြီး ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ပလ္လင်တော်ပေါ်၌ ဆင်းတုတော်ကြီး၏ အစိတ်အပိုင်းအားလုံးကို အောင်မြင်စွာ နေရာချထားနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆင်းတုတော်ကြီး၏ အစိတ်အပိုင်း များအား တွဲဆက်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၃)
- ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကို တွဲဆက်ထားသည့် အစိတ်အပိုင်းကြီး၊ ရတနာပလ္လင်တော်၊ ဆင်းတုတော်အပိုင်း(၄)တို့အား တစ်ခုနှင့်တစ်ခု ကိုက်ညီမှုရှိစေရန် တစ်လက်မချင်း အချိန်ယူ၍ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် ပလ္လင်တော်ပေါ်၌ ဆင်းတုတော်ကြီး၏ အစိတ်အပိုင်းအားလုံးကို အောင်မြင်စွာ နေရာချထားနိုင်ခဲ့ပြီးဖြစ်။
Add new comment