ဖေဖော်ဝါရီလ ၁၄ ရက်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ အလျား ၃၈ ပေ၊ အနံ ၁၈ ပေ ခန့်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား အကြမ်းဖက်မှုကိုလိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ ဝဲ/ယာလက်ရမ်းနှစ်ဖက်၊ ကမ်းကပ်ခုံ၊ တံတား၏အလယ်တည့်တည့်တို့တွင် အနည်းငယ်ပျက်စီးခဲ့ပြီး ယာဉ်ဖြတ်သန်းသွားလာမှုများ ပြတ်တောက်ခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်သမားများသည် စစ်ရေးနှင့်မသက်ဆိုင်သည့် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ ပြည်သူပိုင်အိုးအိမ်များ၊ အများပြည်သူအသုံးပြုလျက်ရှိသည့် တံတားများကို ဖျက်ဆီးလျက်ရှိသည့်အပြင် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ရထားခရီးစဉ်များ၊ ရထားလမ်းများ၊ ဘူတာများကို ယုတ်မာရိုင်းစိုင်းစွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ကြသည့် အဆိုပါအကြမ်းဖက်သမားများအား ပြည်သူတစ်ရပ်လုံးမှ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိပါသည်။
အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက အများပြည်သူပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၃)
- ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်း ပေါ်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား အကြမ်းဖက်မှုကိုလိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား ၏ဝဲ/ယာလက်ရမ်းနှစ်ဖက်၊ ကမ်းကပ်ခုံ၊ တံတား၏အလယ်တည့်တည့်တို့တွင် အနည်းငယ်ပျက်စီးခဲ့။
Add new comment