ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အရာတော်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ လိုက်ပါလာသော မော်တော်ယာဉ် အား PDF အကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါသည်။
ကျောင်းအဖြူအစိမ်းဝတ်စုံများ ဝတ်ဆင်ထားသည့် အပြစ်မဲ့ကလေးငယ် ကျောင်းသား၊ ကျောင်းသူများ၏ ထိခိုက်ဒဏ်ရာရရှိသည့် ဖြစ်စဉ်မှတ်တမ်းဓာတ်ပုံများအား မြင်တွေ့ရသည့်သူတိုင်း စိတ်ထိခိုက်ရသည့်အတွက် PDF အကြမ်းဖက်သမားများ၏ ဆိုးရွားသည့် အဆိုပါလုပ်ရပ်အပေါ် ပြည်သူများက ဆန့်ကျင်ရှုတ်ချလျက်ရှိပါသည်။
NUG၊ CRPH ၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များသည် ယခုကဲ့သို့စစ်ရေးနှင့်မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရည်ရွယ်ချက်ရှိစွာ တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေများ၊ ပြဌာန်းချက်များကို ချိုးဖောက်ကာ ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဉပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပါသည်။ အဆိုပါအကြမ်းဖက်အဖွဲ့များအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဉပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၃)
- အရာတော်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အရာတော်)တွင် စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်အား PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ ၁ ဦးသေဆုံးခဲ့။
- ကျောင်းအဖြူအစိမ်းဝတ်စုံများ ဝတ်ဆင်ထားသည့် အပြစ်မဲ့ကလေးငယ် ကျောင်းသား၊ ကျောင်းသူများ၏ ထိခိုက်ဒဏ်ရာရရှိသည့် ဖြစ်စဉ်မှတ်တမ်းဓာတ်ပုံများအား မြင်တွေ့ရသည့်သူတိုင်း စိတ်ထိခိုက်ရသည့်အတွက် PDF အကြမ်းဖက်သမားများ၏ ဆိုးရွားသည့် အဆိုပါလုပ်ရပ်အပေါ် ပြည်သူများက ဆန့်ကျင်ရှုတ်ချလျက်ရှိပါသည်။
Add new comment