ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရန် နေပြည်တော်မှ ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ထွက်ခွာခဲ့ရာ
- ဖေဖော်ဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ ရေဝေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၁,၄၅၇ ဦးတို့အား လည်းကောင်း၊
- ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၃ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြိုင်သာယာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၇၅၁ ဦးကိုလည်းကောင်း၊
- ဖေဖော်ဝါရီလ ၁၄ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မိကျောင်းရဲကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၂၅၄ ဦး ကိုလည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၁၀ ဦး၊ ခွဲစိတ်ရောဂါ ၂၄၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၀၁ ဦး၊ ကလေးရောဂါ ၁၅၀ ဦး၊ အရိုးရောဂါ ၈၁၂ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၆၅ ဦး၊ မျက်စိရောဂါ ၆၄၃ ဦးနှင့် သွားရောဂါ ၂၅၂ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၃,၃၆၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည့်အပြင် အထွေထွေခွဲစိတ်လူနာ ၁၀ ဦး၊ မျက်စိခွဲစိတ်လူနာ ၃၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၄၃ ဦး၊ Ultrasound ရိုက်လူနာ ၂၀၇ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၃၄၆ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၉၇ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသပေးနေမှုများကို တာဝန်ရှိသူများက လာရောက်အားပေးကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၅-၂-၂၀၂၃)
- ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရေဝေကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြိုင်သာယာကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မိကျောင်းရဲကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၃,၃၆၈ ဦးတို့အား လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့။
Add new comment