ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

             နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ စတင်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး  ၎င်းစီမံချက်မှ မဲဆန္ဒရှင် ၃.၈ သန်း ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။  

တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၇-၁-၂၀၂၂ ရက်အထိ အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးပြီးစီးမှု အခြေအနေများမှာ -

မှတ်ချက်။

နိုင်၃(က)၊ ဧည့်၈(က)၊ ပြု၁၀(က) = ၁၀နှစ်ပြည့် နိုင်/ ဧည့်/ပြု    

နိုင်၆(က)၊ ဧည့်၄(က)၊ ပြု၆(က) = ၁၈နှစ်ပြည့် နိုင်/ဧည့်/ပြု   

တရားဝင် အထစ = တရားဝင် အိမ်ထောင်စုစာရင်း

M အထစ = ရွေ့ပြောင်း အိမ်ထောင်စုလူဦး‌ရေစာရင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် အရ “ပန်းခင်း”စီမံချက်အောင်မြင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်း ဒေသကြီး/ ပြည်နယ်များရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

  • တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၇-၁-၂၀၂၂ ရက်အထိ အိမ် ထောင်စုလူဦးရေစာရင်းကတ်ပြား စုစုပေါင်း ၂၈၆,၆၀၅ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (ကိုင်ဆောင်လက်မှတ်)  စုစုပေါင်း ၁,၄၇၅,၆၂၄ ခု ထုတ်ပေးခဲ့ပြီးဖြစ်။

 

Add new comment