စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Li Chenyang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီလ ၁၄ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုနှင့်ပတ်သက်သော ငွေပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့သည် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးကြပြီး နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ ဖွင့်လှစ် နိုင်ရေးနှင့် မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စများနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံပိုမို ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယူနန်ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံရာတွင် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုနှင့်ပတ်သက်သော ငွေပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
Add new comment