အစွန်းရောက်အကြမ်းဖက်သမားများသည် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူများနှင့် အရွယ်မရောက်သေးသည့် အပြစ်မဲ့ကလေးသူငယ်များပါ သေဆုံးစေသည့် ယခုလိုအကြမ်းဖက်မှုလုပ်ရပ်များကို မဆင်မခြင်ပြုလုပ်လျက်ရှိပါသည်-
- ဖေဖော်ဝါရီလ ၁၃ ရက်တွင် PDF အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျော်ဇေယျာရပ်ကွက်အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ မဆင်မခြင်ပစ်ခတ်ခဲ့ရာ ဗုံးသီးမှာ အမှတ်(၂) ဘုန်းတော်ကြီး သင်ပညာရေးကျောင်း စာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင် ရှင်အာသဖ (၁၄) နှစ်၊ ဝါတော် ၂ ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး (၁၃) နှစ်နှင့် မောင်ဝေလင်းအောင် (၁၄) နှစ်တို့တွင် ဗုံးသီးစထိမှန် ဒဏ်ရာများရရှိခဲ့။
- အလားတူ ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက်နှင့် ခုံမင်းကြီးရပ်ကွက်များအတွင်းသို့ PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စိန်ပြောင်းဗုံးသီးများသည် မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၊ ရပ်ကွက်ဘောလုံးကွင်း၊ မြို့မဈေးရှေ့နှင့် ခုံမင်းကြီးရပ်ကွက်ရှိ ဆောင်တန်းကြီးဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်ကြီး ဥူးဝီရီယ(ခ)ဦးဝင်းအောင်သန်း (၄၀) နှစ်တွင် ဗုံးသီးစထိမှန် ဒဏ်ရာများရရှိခဲ့။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သောနေရာများအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းတွင် ပြဋ္ဌာန်းထားသည့်အချက်များနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်နေသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂၃)
- စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့၌ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်များအတွင်းသို့ PDF အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်းများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်ခဲ့မှုကြောင့် ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါး နှင့် ကလေးငယ် ၂ ဦးတို့ ဒဏ်ရာရရှိခဲ့။
Add new comment