ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် ဖေဖော်ဝါရီလ ၁၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ အသီးသီး လက်ခံတွေ့ဆုံခဲ့ပါသည်။

  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးမြှင့်တင်ရေး၊ အစားအစာဘေးကင်းလုံခြုံရေး၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တင်သွင်း/တင်ပို့ခြင်းနှင့် ငါးလုပ်ငန်းကဏ္ဍများ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား နည်းပညာနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေးမြှင့်တင်ရေး၊ စိုက်ပျိုး၊ မွေးမြူ၊ သက်မွေးပညာအား‌ပေးရေး၊ ပညာသင်စေလွှတ်ရေး၊ အဆင့်မြင့်ပညာကဏ္ဍနှင့် အခြေခံပညာကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးစသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်အောင်မြင်ခဲ့မှု၊ နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါ၊ ခုခံကျ/ကာလသားရောဂါ၊ တီဘီရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးကိစ္စ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Thai-land International Cooperation Agency: TICA)၏ အထောက်အပံ့ဖြင့် အဆင့်မြင့်ဆေးရုံ တည်ဆောက်ရေးလုပ်ငန်းကိစ္စ၊ ထိုင်းနိုင်ငံမှ ဆေးပညာရပ်ဆိုင်ရာတက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုး၍ ဆေးပညာသင်ကြားမှု တိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တင်သွင်းတင်ပို့ခြင်းနှင့် ငါးလုပ်ငန်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် ထားဝယ်မြို့၌ ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Thai-land International Cooperation Agency: TICA)၏ အထောက်အပံ့ဖြင့် အဆင့်မြင့်ဆေးရုံတည်ဆောက်ရေးလုပ်ငန်းကိစ္စတို့ကို အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment