PDF အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်လေးပင်ဘူတာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိ

     ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင် လေးပင်ဘူတာရုံရှိ အမှတ်(၁)စင်္ကြံပလက်ဖောင်းပေါ်၌ PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ဘူတာရုံအတွင်းရှိ အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၇ ဦးတို့တွင် မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး ညောင်လေးပင်ပြည်သူ့ဆေးရုံ သို့ပို့ဆောင်စဉ် ဒဏ်ရာရရှိသူများအနက်မှ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပါသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ညောင်လေးပင်ပြည်သူ့ ဆေးရုံကြီး၌ သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဖြစ်စဉ်တွင် သေဆုံး ခဲ့ရသူ ၃ ဦး၏ မိသားစုဝင်များကိုလည်း ထောက်ပံ့ငွေများပေးအပ်ကာ အားပေးစကား များပြောကြားခဲ့ပါသည်။

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများသည် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ထိခိုက်စေရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေးတို့အတွက် အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတား၊ ဘူတာရုံတို့အား မိုင်းထောင်ဖောက်ခွဲ ခြင်း၊ လက်လုပ်ဗုံး/ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက် ရှိသဖြင့် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးလျက်ရှိပါသည်။

ထိုကဲ့သို့ အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့်ဘူတာရုံအား မိုင်း ထောင်ဖောက်ခွဲခဲ့သူ PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၂-၂၀၂၃)

 

  • ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘူတာရုံရှိ အမှတ်(၁)စင်္ကြံပလက်ဖောင်း ပေါ်၌ PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment