ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် မြို့ ၁၃ မြို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသည့် မြို့နယ်အလိုက် မြို့ (၁၃) မြို့တွင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဇန်နဝါရီလ ၉ ရက်တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက-

· နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရ မည့် နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံနှင့်အဝန်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

· ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲများ တွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်မှုဆိုင်ရာကိုင် ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့။

· ပန်းခင်းစီမံချက်အပြင် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ် အကောင် အထည်ဖော်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း။

· ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ မိုးကောင်း၊ ရွှေကူ၊ မိုးမောက်၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်နှင့် မံစီ စသည့် မြို့နယ် (၁၃) မြို့နယ်၏ မြို့နယ်ရပ်ကွက်များ အားလုံး၌ တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကွင်းဆင်းဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း။

ယခုအခမ်းအနားတွင် အဆိုပါမြို့နယ်(၁၃)မြို့နယ်တို့မှ ဒေသခံပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်း ၅၃၇ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၂,၆၉၄ ကတ်ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲ များတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်မှုဆိုင်ရာကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲ ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ရေးဆွဲဆောင်ရွက်ခဲ့။
  • ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ် (၁၃) မြို့နယ်တို့မှ အိမ်ထောင်စုလူဦးရေစာရင်း ၅၃၇ စောင်နှင့် နိုင်ငံစိစစ်ရေးကတ်ပြား ၃၂,၆၉၄ ကတ် ထုတ်ပေးခဲ့။

 

Add new comment