ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကို ဇန်နဝါရီလ ၃၁ ရက်တွင် ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ ရတနာပလ္လင်တော်ထက်သို့ ဆက်လက်ပင့်ဆောင်ပူဇော်ရန် ကျန် ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာ ပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပင့်ဆောင်ရေးလုပ်ငန်းစဉ်များအလိုက် ပင့်ဆောင် ခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၂ နာရီ ၄၃ မိနစ်တွင် ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။
အဆိုပါမာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ သာသနာ ရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁,၂၀၀ နှင့် လူပရိသတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီး၊ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီ စက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာ တော်များ ထုဆစ်ပူဇော်ထားရှိသည့် ကျောက်စာရုံစေတီတော်များ၊ ရေပန်းရင်ပြင်တော် များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များအပြင် အခြားသောသာသနိက အဆောက် အဦများကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၂-၂၀၂၃)
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာ ပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော် ဝါရီလ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပင့်ဆောင်ရေးလုပ်ငန်းစဉ်များအလိုက် ပင့်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၂ နာရီ ၄၃ မိနစ်တွင် ရတနာ ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်။
Add new comment