ပြင်ဦးလွင်-လားရှိုးကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(BE. FALLS)အား နိုင်ငံတကာအဆင့်မီအပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစတင်ဖွင့်လှစ်ခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ လာရောက်လေ့လာ အပန်းဖြေအနားယူသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိပါသည်။ ယခုအခါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ရှုခင်းများကို အမြင့်မှကြည့်ရှုနိုင်ပြီး ရင်ခုန်စိတ်လှုပ်ရှား ဖွယ် စီးနင်းနိုင်မည့် Sky cable Car ပြေးဆွဲခြင်းကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
၎င်းပြေးဆွဲမည့်လမ်းကြောင်းအနေဖြင့် အသွား/အပြန် (၁,၁၀၈) မီတာရှည်လျားကာ Drive Station House၊ Return Station House အဆောက်အဦ (၂) လုံး၊ Tower (၆) ခုပါဝင် တည်ဆောက်ထားပြီး လူလိုက်ပါစီးနင်းနိုင်သည့် (၄) ယောက်စီး Cabins (၃၆) လုံး တပ်ဆင်မောင်းနှင်လျက်ရှိကြောင်း၊ အသွား/အပြန် Full Circle တစ်ပတ်လျှင် (၂၄) မိနစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ Skycable Way တည်ဆောက်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်း၊ Safety Precaution၊ Emergemcy Rescue Drills ဆောင်ရွက်ခြင်းလုပ်ငန်းများအား အောင်မြင်စွာ စစ်ဆေးစမ်းသပ်ဆောင်ရွက်ပြီးဖြစ်၍ လာရောက်လည်ပတ် အပန်းဖြေအနားယူသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် Sky Cable Car စီးနင်းနိုင်ပြီဖြစ်ကြောင်းနှင့် အပန်းဖြေအနားယူသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးအတွက် အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၂-၂၀၂၃)
- (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(BE.FALLS)တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲပြီး လာရောက်လည်ပတ်အပန်းဖြေအနားယူသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် Sky Cable Car စီးနင်းနိုင်ပြီဖြစ်။
Add new comment